Book. : 29
Chapter. : 1 - 6
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၂၉၊ အခန်း ၁။ သူ အရမ်းကို စိတ်ငြိမ်နေပြီးသားပါ
စီရီဟန်သည် သူ့ အိမ်တော်ထိန်း ရူးခါသွားတော့မလား ဆိုသည်အား ဂရုစိုက်ပုံမရသည်မှာ အသိသာပင်။
သူသည် ရီဝမ်ဝမ် ပြောလိုက်သည့်
“မြန်မြန်လေး၊ ချစ်ကို နမ်း” ဆိုတာကိုသာလျှင် ကြားနေလေ၏ ။သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် ခေါက်ဆွဲတို့ကို အိုးထဲထည့်လိုက်ပြီး၊ ခေါင်းအသာစောင်းငဲ့လာကာ ရီဝမ်ဝမ်၏ပါးနှစ်ဖက်အား အနမ်းတစ်ပွင့် နမ်းရှိုက်ပေး လိုက်၏။ ဒီနောက်၊ ၀က်အူချောင်းအား ဆက်လှီးနေလေ၏။
ရီဝမ်ဝမ်၊ ပြုံးဖြီးဖြီးကြီး လုပ်လာပြီး သူမဖုန်းအား ကြည့်လိုက်သည် ။
“အိမ်တော်ထိန်း ရွှီ၊ အခု စိတ်တည်ငြိမ်သွားပြီလား”ရွှီရီ ။ “…”
ငြိမ်ပြီးသားပါဗျာ…အရမ်းကြီးကို ငြိမ်နေပြီးသားပါ…
ရီဝမ်ဝမ် ။ “တစ်ခုခုရှိသေးလား”
ရွှီရီ ။ “မရှိ…”
သခင်လေးတို့နှစ်ယောက်စလုံးကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ ကျွန်တော် လုံးဝရှိမနေသလိုသာ ဟန်ဆောင်ပေးကြပါ…
ဖုန်းစခရင်မ်သည် အမှောင်အတိကျသွားလေပြီ ။ တစ်ယောက်သောအိမ်တော်ထိန်းသည်ကတော့ စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ပိုင်းဆိုင်ရာပါ ငလျင်
အဝှေ့ ခံလိုက်ရရင်း ဖုန်းချလိုက်ရခြင်းပင် ။ရွှီရီအား ပိုပြီးစိတ်အေးသက်သာစေဖို့ရာ စဉ်းစဉ်းစားစား တွေးတောပေးပြီး စီရီဟန်၏ချက်ပြုတ်နေသည့် ပုံပေါင်းမြောက်မြားစွာကို ရီဝမ်ဝမ်၊ သူ့အား ပို့ပေးလိုက် တော့သည် ။ အဆုံးသတ်တွင်၊ မပို့တော့ပါရန် သူမအား
ရွှီရီ တောင်းပန်ယူရတော့၏ - ငါလေး တကယ်ကြီး စိတ်ငြိမ်နေပြီးပါပြီ…အချိန်အကြာကြီးကြာအောင် စောင့်ပြီးသည့်နောက်၊
နောက်ဆုံးတွင် စီရီဟန်၊ ခေါက်ဆွဲချက်လို့ ပြီးစီးသွားခဲ့ပြီ ။
![](https://img.wattpad.com/cover/212187589-288-k673201.jpg)
VOCÊ ESTÁ LENDO
ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။