Book. : 40
Chapter. : 19 - 22
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၄၀၊ အခန်း ၁၉ ။ ရုပ်အရမ်းချောနေတော့ရော ဘာဖြစ်လဲ
အားလုံးကို နှုတ်ဆက်လိုက်ပြီး ရီဝမ်ဝမ် ကားမောင်းထွက်သွားကာ အ၀တ်အစားလဲ၊ မိတ်ကပ်ပါးပါးလိမ်းလိုက်၏ ။
ပါမောက္ခ လီယွဲ့ ၏သင်တန်းပို့ ချမှုမှာ အင်ပါရီယာမီဒီယာ တက္ကသိုလ်အရှေ့ဘက်ဝန်းက ခန်းမကြီးတွင် ပို့ချပေးမည်ဖြစ်၏ ။
ရီဝမ်ဝမ် ရောက်သွားသည့်အချိန်တွင် အထဲကထိုင်ခုံတော်တော်များများ မှာ နေရာပြည့်နေပြီး လူပင်လယ်ကြီး ဖြစ်နေလေပြီ ။မီဒီယာတက္ကသိုလ်ကျောင်းသားများအပြင် တခြားတက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားများလည်း တက်ရောက်လာကြခြင်းဖြစ်သဖြင့် ခန်းမကြီးမှာ ထူးထူးခြားခြား အသက်ဝင်လို့ နေလေသည် ။
ရီဝမ်ဝမ် ၀င်ပေါက်ဝကို ရောက်သွားသည့်အချိန် တစ်စက္ကန့် လောက် ရုတ်တရက်ကြီး တိတ်ကျသွားပြီး ထို့ နောက် အုံးအုံးကျွတ်ကျွတ်ဖြစ်လာ ကာ မျက်စိပေါင်းမြောက်များစွာက သူမပေါ် ကျရောက်လာကြသည် ။
“အိုး…ဘယ်မေဂျာက အလှလေးလဲဟ ။
ငါ ဘယ်လိုလုပ် တစ်ခါမှ မတွေ့ ဖူးသေးရတာလဲ”“ငါတို့ တက္ကသိုလ်မှာ ဒီလိုနတ်မိမယ်လေး ရှိနေတာလား ။
ဘာလို့ များ မသိခဲ့ရတာပါလိမ့် ။ သူလေးက အနုပညာအလုပ်တွေ လုပ်နေရလို့  အတန်းလာတက်လေ့မရှိတာများလား”“မဟုတ်တာကွာ ။ သူမကသာ အနုပညာသမားဆိုရင် ငါတို့  မသိစရာ အကြောင်း ရှိပါ့မလား”
….
ရီဝမ်ဝမ်သည် နောက်ဆုံးတန်းကရေလျှင် တတိယမြောက်ဖြစ်သည့်တန်းက ခုံတစ်ခုံ လွတ်နေသည်ကို မြင်လိုက်၏ ။ ထို့ ကြောင့် ထိုနေရာဆီသို့  လျှောက်သွားလိုက်ပြီး ထိုင်ချလိုက်သည် ။
သူမသည်လည်း ထိုစိုက်ကြည့်နေကြသည့်မျက်လုံးတို့ ကို သတိပြု မိပြီး သူမအနားက ကျိတ်ကျိတ်ကျိတ်ကျိတ်ပြောနေကြသည်ကို ကြားနေပါ၏ ။

YOU ARE READING
ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။