Book. : 36
Chapter. : 1 - 6
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၃၆၊ အခန်း ၁ ။ သခင်လေး ပျောက်နေပြီ
စီ မိသားစုတစ်စုလုံးနှင့် တရုတ်နိုင်ငံ၏စီးပွားရေးကဏ္ဍတစ်ခုလုံးကို ကမောက်ကမဖြစ်သွားစေလုနီးနီးဖြစ်ခဲ့သည့်အခြေအနေ
တို့ သည် စီရီဟန် ပြန်လည်ကျန်းမာလာပြီ ဆိုသည့်သတင်းအောက်တွင် စုန်းစုန်းမြုပ်သွားခဲ့ချေပြီ ။စီမင်းလိဆိုသည် အလွန်တရာသတိကြီးပြီး မည်သူ့ ကိုမှ
သူ့ ဆီကနေ အမြတ်ထုတ်ခွင့်မပေးသူဖြစ်သည် ။ သို့ သော် ဤတစ်ကြိမ်တွင်မူ စီရီဟန် သေတော့မည်ဟု အပိုင်တွက်ထားမိခဲ့သဖြင့်
လျော့လျော့ပေါ့ပေါ့နှင့် ဟာကွက်အများကြီးချန်ပစ်ခဲ့မိခြင်းဖြစ်ပေသည် ။စီ မိသားစုသည် စီမင်းလိ၏အဖွဲ့ အား လုံးဝကန်ထုတ်ပစ်လိုက်ချေပြီ ။ တစ်ချိန်တည်းပင် သူ၏လျို့ဝှက်ချက်မြောက်မြားစွာတို့ သည်လည်း ဘူးပေါ်သကဲ့သို့ ပေါ်ကုန်သည် ။ စီ မိသားစုထဲတွင် နောက်ထပ်တစ်ဖန် အဖွဲ့ ပြန်ဖွဲ့ စည်းမှုတို့  ရှိလာလေပြီ ။
ညဥ့်နက်ချိန် ။
“အားးးး----- အဖေ ။ နာတယ်ဗျ…နာတယ် ။
အဖေ…ကျွန်တော့်အတွက် ပြန်လက်စားချေပေးရမယ် ။
သူတို့ တွေ သေမှရမယ်၊ သေမှကိုရမယ်”
စီရိကျဲ့ က အိပ်ရာပေါ်တွင် တလူးလူးတလှိမ့်လှိမ့် ။ဤတစ်ခေါက်တွင်မူ သူ၏ခြေထောက်တစ်ဖက် ထပ်အရိုက်ချိုးခံခဲ့ရရုံသာမက အနှိပ်စက်ကြီးအနှိပ်စက်ပါ ခံခဲ့ရသဖြင့် အခုချိန်တွင် လုံးဝ ဒုက္ခတိ ဖြစ်သွားခဲ့ရချေပြီ ။
စီမင်းလိက ဤသူ့ သားအား လုံးဝစိုးရိမ်ဟန်မရှိ ။
အာရုံနောက်စွာဖြင့် ငေါက်ငမ်းလာသည် ။
“တိတ်စမ်း ။ ငါ့မှာရှိနေတဲ့ပြသနာတွေက မလုံလောက်သေးဘူးလို့ များ ထင်နေတာလား…ဟမ်”စီမင်းလိ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသူကား နိုင်ငံခြားကနေ အပြေးအလွှားပြန်ရောက်ချလာခဲ့သည့်
စီရိချန် ၊ ဒုတိယသား ။
![](https://img.wattpad.com/cover/212187589-288-k673201.jpg)
ESTÁS LEYENDO
ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။