💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 58
Chapter. : 1 - 8
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••စာစဉ် ၅၈၊ အခန်း ၁။ အဲ့လိုမျိုး ရှိတာလား
“အဲ့တာလေးများကွာ..ဘော့စ် ကျော်ကြားသောက ငါတို့ကိုတောင် သေခြင်းတရား၏နှင်းဆီ ယောင် ဆောင်ခိုင်းဖူးတဲ့ဟာကို”
သူတော်စင်က ဖြတ်ပြောလာသည် ။ပြန်တွေးကြည့်လိုက်တော့လည်း ဟုတ်သည်ပင် ။
ဘော့စ် ကျော်ကြားသော သည် ဒီလို အရည်အချင်းမျိုး ရှိပြီး သူများတကာထက် မတူ ထူးခြားသော သတ္တိခဲကြီး သာ ။
စကားစမြည်ပြောဆိုပြီးနောက်တွင် ရီ၀မ်၀မ်သည် သူတို့ကို မြောက်ဘက်ပိုင်းသို့ ခေါ်သွားတော့သည် ။
ညဥ့်နက်မှပင် လွတ်လပ်သောနယ်မြေ၏ မြောက်ဘက်ပိုင်းသို့ သူတို့ ရောက်သွားကြ၏ ။
ယွင် မြို့တော်နှင့် မတူ တမူကွဲထွက်နေသည်ကား မြောက်ပိုင်းဒေသမှာ ကျေးလက်ဖြစ်ပြီး လူသူ အရောက်အပေါက် နည်းသည် ။
ရီ၀မ်၀မ်ကို ကြိုစောင့်နေကြသည့် ကြယ်ခုနစ် နှင့် ခုနစ်စင်ကြယ်မှာ ရီ၀မ်၀မ် ကားထဲကို ထွက်လာတာနဲ့ ရောက်လာကြလေသည် ။
သူတော်စင်သည် ကျိတ်ကာ ရယ်မောလိုက်ပြီး ပြောလာသည် ။
“ဘော့စ်…အဲ…ဂိုဏ်းချုပ် ပိုင် ၊ ဒီလူလက်တစ်ဆုပ်စာလောက်နဲ့
ဒီကို လာချဲတာကတေ့ာ မကောင်းဘူးနဲ့တူတယ်နော်…”ရီ၀မ်၀မ်သည် သူတော်စင်ကို တစ်ချက်ကြည့်လိုက်ကာ ..
“ကျွန်မမှာ လူအလုံအလောက် ပါလာမှတော့ ရှင်တို့ကို ခေါ်နေပါတော့မလား”သူတော်စင် အံ့အားသင့်သွားသည် ။
အေးဟ…ဟုတ်သားပဲ ။“အစ်မ ဖန်း ၊ ဒီနှစ်ယောက်က ဘယ်သူလဲ”
ကြယ်ခုနစ်က သူတော်စင်နှင့် အုတ်သယ်သည့် နိုင်ငံခြားသားကို ကြည့်ရင်း မျက်မှောင်ကြီး ကြုတ်နေလေပြီ ။
“သူငယ်ချင်းတွေ” ရီ၀မ်၀မ် ပြန်ဖြေလိုက်၏ ။
အမည်မရှိသောနန် လက်အောက်က ကြေးစားများသည် ဤလွတ်လပ်သောနယ်မြေထဲတွင် မစ်ရှင်မှတစ်ပါး လူရှေ့သူရှေ့ ထွက်ခဲလှချေသည် ။ ထို့ပြင် သူတို့သည် အမြဲတစေ သိုသိုသိပ်သိပ် နေတတ်လေ့ ရှိကြသဖြင့် တော်တော်များများက သူတို့အကြောင်း မသိနေကြပါချေ ။

ESTÁS LEYENDO
ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။