💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 57
Chapter. : 17 - 25
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••စာစဉ် ၅၇၊ အခန်း ၁၇။ မီးလျှံကျောင်းတော်
သို့သော် စိုးရိမ်ခြင်းကင်းသော နန် ရထားခဲ့သည့် စံချိန်အားလုံးကို နန်လင်းလုံသည် မီးလျှံကျောင်းတော်ကို ရောက်လာပြီးနောက်တွင် အကုန်ချိုးပစ်ခဲ့လေသည် ။
အခုတွင် ၊ မီးလျှံကျောင်းတော်၏ သူရဲကောင်းမလေးမှာ စိုးရိမ်ခြင်းကင်းသော နန် အဖြစ်မှသည် နန်လင်းလုံသို့ ဖြစ်လာခဲ့လေပြီ ။ မီးလျှံကျောင်းတော်တွင် နန်လင်းလုံ တင်သွားခဲ့သည့် စံချိန်ကို ဘယ်သူကမှ ထပ်ချိုးနိုင်ခြင်း မရှိခဲ့ပါချေ ။
“မီးလျှံကျောင်းတော်…”
ရီ၀မ်၀မ် ဖွဖွလေး ရေရွတ်လိုက်မိ၏ ။
တဆက်တည်း သူမလေး၏ ခေါင်းမှာ အုံတက်လာပြီး တစ်ကိုယ်လုံးကို တစ်ခုခုက စူးရှစွာ ထိုးနှက်နေသလို ။အရက်ရှိန်ကြောင့် ဖြစ်လိမ့်မည် ။ မှတ်ဥာဏ်အပိုင်းအစတို့မှာ သူမလေးစိတ်ထဲတွင် ရုပ်လုံးကြွလာလေသည် ။
ထိုမှတ်ဥာဏ်များထဲတွင် မီးလျှံကျောင်းတော် ဆိုသည့် ရွှေရောင်စာလုံးကြီးကို မြင်လိုက်မိသလို ထိုကျောင်းတော်က ကိစ္စရပ်တစ်ချို့ကိုလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်မိလေပြီ ။
“ဘာဖြစ်လို့လဲ”
ဂျိရှို့ရန်သည် ရီ၀မ်၀မ်၏ ပျက်ယွင်းသွားသည့် မျက်နှာလေးကို တွေ့လိုက်ပြီး သူမလေးပုခုံးကို ဖိကာ မေးလိုက်သည် ။
ရီ၀မ်၀မ်သည် မျက်မှောင်အကြုတ်ကြီး ကြုတ်မိနေလျက် ။
သူမလေး၏ မှတ်ဥာဏ်တို့မှာ ရှုပ်ယှက်ခတ်လှခြင်းကြောင့် သူမလေး လွှတ်ခနဲ ထုတ်ပြောလိုက်မိသည် ။“ကျွန်မ အရင်တုန်းက မီးလျှံကျောင်းတော်ကို…ရောက်ဖူးသလိုပဲ…”
ထိုစကားကို ကြားလိုက်သည်တွင် ဂျိရှို့ရန်၏ မျက်လုံးအိမ်ထဲ အလင်းတစ်ချက် ပြိုးပြက်သွားသည် ။
![](https://img.wattpad.com/cover/212187589-288-k673201.jpg)
YOU ARE READING
ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။