စာစဉ် ၆၁ (၁၃-၂၅)

4.6K 583 95
                                    

Book. : 61
Chapter. : 13 - 25
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၁၊ အခန်း ၁၃။ အရမ်းလက်ဖွာလွန်းတယ်

အမည်မရှိသောနန် ခေါင်းညိတ်ပြလာသည် ။
"အင်း ၊ ရှန်းကြီးကို သွားအထင်မသေးနဲ့ ။ သူကလည်းပဲ မီးလျှံကျောင်းတော်ရဲ့ နည်းနည်းလေးပဲ ရှိတဲ့ SSS အဆင့် ကြေးစားတွေထဲက တစ်ယောက်ပဲ"

"S သုံးခုတောင်လား" ရီဝမ်ဝမ် အံ့သြသွားမိပြီး သခင်လေး ရှန်း ကို ထပ်ကြည့်လိုက်သည် ။

S သုံးလုံးအဆင့်ဆိုလျှင် တကယ့်ဒိတ်ဒိတ်ကြဲ သိုင်းပညာအဆင့်ဟု ယူဆ၍ ရနိုင်ပေသည် ။ လွတ်လပ်သောနယ်မြေထဲက တကယ့်ဒိတ်ဒိတ်ကြဲ ဆရာကြီးများနှင့် မတွေ့ သရွေ့  သူတို့ ကြိုက်တာ ဘာမဆို ထင်တိုင်းကြဲနိုင်သည့် အဆင့်တည်း ။

လွတ်လပ်သောနယ်မြေ၏ တကယ့်ထိပ်တန်းဆရာကြီးများကို စိန်ခေါ်နိုင်သော S သုံးလုံး အဆင့် ကြေးစားတချို့ပင် ရှိခဲ့ဖူးပြီး ထိပ်တန်းဆရာကြီး ရိရွှေ့ ဟန်က လွဲပြီး တခြားသူများကို အနိုင်လည်း ရခဲ့ဖူးကြပေသည် ။

ရီဝမ်ဝမ် စိတ်ရှုပ်ထွေးနေမိ၏ ။ လူတွေ ပြောနေကြတာက
ရှန်း မိသားစုသည် စီးပွားရေးကိုသာ ဇောက်ချလုပ်သူများ ဖြစ်ပြီး သိုင်းပညာကို အရေးမပေးသူများ ဆို ။ ဒါဆို သခင်လေး ရှန်း က ဘာလို့ မီးလျှံကျောင်းတော်ရဲ့ S- သုံးလုံးအဆင့် ကြေးစားကျောင်းသားတစ်ယောက် ဖြစ်နေရတာလဲ ။

သူမ အခုကစပြီးတော့ သခင်လေး ရှန်း အပေါ် လေးလေးစားစားနဲ့ ဆက်ဆံမှပဲ ။

"ဟေ့ ငါ မင်းတို့ကို ဘာပြောထားလဲ ။ ငါ့ကို စီနီယာအစ်ကိုကြီးလို့ မခေါ်ပါနဲ့ဆို ။ င့ါရဲ့ကြေးစားနာမည်ကိုပဲ ခေါ်ကြ"
သခင်လေး ရှန်း ကား မျက်မှောင်ကြီး တွန့် ချိုးလာလေပြီ ။

မီးလျှံကျောင်းတော်က S သုံးလုံး အဆင့် ကြေးစားကျောင်းသူသည် အံ့သြသွားပြီးနောက် ခေါင်းညိတ်ကာ ဆိုလာတော့သည် ။

"ဟုတ်ကဲ့ ... စီနီယာ အစ်ကိုကြီး သေမင်း ၊ ညီမတို့ အမှားလုပ်မိပါတယ်"

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Dove le storie prendono vita. Scoprilo ora