💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 55
Chapter. : 1 - 8
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၅၅၊ အခန်း ၁။ ကပ်ချွဲနေတဲ့ သားရဲကြီး
ထိုအနက်ရောင်နှင့်ယောကျာ်းများမှာ ရိရွှေ့ဟန် အရှေ့တွင်မူ တုတ်တုတ်ပင် မလှုပ်နိုင်ကြ ။
“ဘယ်တော့ တံခါးလာတပ်ပေးမှာလဲ”
ချီးထုပ်က ဆိုဖာပေါ် ထိုင်ချလိုက်ပြီး ရီ၀မ်၀မ်ကို မေးလိုက်သည် ။“မနက်ဖြန်” ရီ၀မ်၀မ် လွှတ်ခနဲ ပြန်ဖြေလိုက်မိ၏ ။
ချီးထုပ်က ခေါင်းညိတ်လာသည် ။
“ပိုက်ဆံက အရေးမကြီးဘူး ။ တံခါးကောင်းကောင်းလေးသာ တပ်ပေး ။ ငါ့ကို ဘယ်သူမှ လာမရှုပ်တော့ရင် ပြီးရော ”
ရီ၀မ်၀မ်၏နှုတ်ခမ်းတို့ တွန့်ကွေးသွား၏ ။
ခုနစ်စင်ကြယ် ဒီနေ့ တံခါးလာတပ်မသွားလို့ တော်သေးတယ် ။
မဟုတ်ရင် ငါတော့ အသေဆိုးနဲ့ သေနေလောက်ပြီ ။ရီ၀မ်၀မ် ဆက်တွေးလိုက်မိ၏ ။
ခုနစ်စင်ကြယ် တံခါးလာတပ်တဲ့အခါကျရင် သော့အပိုတစ်ချောင်းပါ လုပ်ခိုင်းထားရမယ် ။
“မင်း မသွားသေးဘူးဆိုတော့…ဘာလဲ…အတူ အိပ်ချင်လို့လား”
ချီးထုပ်က ဆိုဖာပေါ် လှဲချလိုက်ရင်း ရီ၀မ်၀မ်ကို ကြည့်လာသည် ။“သွားတော့မယ်နော်…သူရဲကောင်း ရိ”
ရီ၀မ်၀မ် လှည့်ထွက်သွားလိုက်သည် ။
ရိရွှေ့ဟန်၏ စံအိမ်ကနေ ပြန်လာသည့်နောက်တွင် ရီ၀မ်၀မ်သည် ထိုကံမကောင်းသည့်အိမ်ကြီးဆီ ပြန်မသွားနေတော့ဘဲ ရုံးခန်းဆီသို့သာ တစ်ခါတည်း တန်းသွားလိုက်တော့သည် ။ ထို့နောက် ဗိုင်းရပ်စ်နှင့် ဖြူကောင်ကြီးကို သူမအိမ်သို့ အတင်းခေါ်လာလိုက်တော့သည် ။
ဘော်ဒီဂတ်ကြီးနှစ်ကောင်ကို ခေါ်ထားရခြင်းမှာ သူမအဖို့ အတော်လေး စိတ်လုံခြုံစေ၏ ။
စံအိမ်ကြီးထဲတွင်မူ ဗိုင်းရပ်စ်သည် နေရာသစ်ကို ရလိုက်ရသည့်နှယ် ။ ဧည့်ခန်းထဲ ပြေးလွှားခုန်ပေါက်နေရင်း မောပန်းလာဟန်ပင် တူလာ၏ ။
STAI LEGGENDO
ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Storie d'amoreစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။