စာစဉ် ၂၇ ( ၁၃ - ၁၈ )

10.3K 915 13
                                    

Book.              :   27
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၇၊ အခန်း ၁၃။ ဒါဖြင့် ပျော်ကြတာပေါ့

ဟောကျွင်းချန်း၊ လပေါ်ရောက်သွားမိသလိုပင် ။
သူ၏နှလုံးသားထဲတွင်မူ လှောင်ပြောင်မှု၊ အထင်သေးအမြင်သေးမှုတို့ဖြင့် ။

မျှော်လင့်ထားသည့်အတိုင်း၊ ခြူးတစ်ပြားမရှိဘဲ
၁၀၉ ၁၁၀ ယောင်လည်လည်လုပ်နေသည့် ရီမူဖန်သည် ပိုက်ဆံဆိုသည့်အသံ ကြားလိုက်သည်နှင့်
ချက်ချင်းပျော့ကျသွားကာ အရည်ပျော်သွားသည်ပင်။

သူ့ဆီမှာ နောက်ခံတစ်ခုခု ရှိနေမယ် ထင်ထားတာ ။

ကျွတ်စ်၊ သူ အသုံးဝင်နေလို့သာပေါ့ကွာ။
မဟုတ်လို့ရှိရင် တံတွေးခွက်ပက်လက်မျောရမယ့်ကြွက်စုတ် ဖြစ်သွားလောက်ပြီ - လုံးဝကို ကောင်းကောင်းပြောဖို့ မထိုက်ဘူး။

“သခင်ငယ်လေး ရီ က တကယ့်ကို ပွင့်လင်းတာပဲ။ ကောင်းပြီလေ။ ဒေါသထွက်ရုံလောက်နဲ့ ပိုက်ဆံကိုငြင်းပစ်စရာအကြောင်းမှ မရှိတာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့အတူတူ အလုပ်လုပ်လာတာ ဒီလောက်တောင်ကြာ လှပြီ - ငါ မင်းကို ဆိုးဆိုးဝါးဝါးဆက်ဆံမှာမဟုတ်ပါဘူးကွာ ။ မင်း ဘယ်မှာလဲ။ အခုချက်ချင်း တွေ့ပြီးဆွေးနွေးကြရအောင် လေ၊ ဟုတ်ပီလား”
ဟောကျွင်းချန်၊ စိတ်အားထက်ထက်သန်သန်ဖြင့် ပြောဆိုလိုက်၏။

“ရတယ်။ ကျွန်တော် ခင်ဗျားကို မြို့မြောက်ဘက်က နဂါးသချိင်္ုင်း တောင်ခြေမှာ တွေ့မယ်”

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်၊ ခနနေ တွေ့မယ်နော်”

……

နဂါးသချိင်္ုင်းတောင်ခြေ ။

ဖုန်တထောင်းထောင်းထနေသည့်လမ်းသည် တိတ်ဆိတ်ငြိမ်သက်လို့ နေလျက်။ ဖြတ်သွားဖြတ်လာကားဟူ၍ မရှိ။ လူလျှောက်လမ်းဟူ၍မရှိ ။

နာရီဝက်လောက်မောင်းလာရမည့်ခရီးကို၊
မိနစ်ပိုင်းလေးနှင့် ရောက်လာခဲ့သည့် ဟောကျွင်းချန်။
သူသည်ကား အလွန်တရာမြန်ဆန်စွာပင် ကားမောင်းလာခဲ့ခြင်းဖြစ်၏။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Nơi câu chuyện tồn tại. Hãy khám phá bây giờ