Book. : 41
Chapter. : 23 + 24 + 25
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၄၁၊ အခန်း ၂၃ ။ သူမကြောင့် ငါတို့ ပါ အလှောင်ခံရတယ်
“သူတို့  ခနနေ ရောက်လာလောက်ပါတယ်”
ချင်းရူရှီ ပြောလာသည် ။စုန့် ရွှယ်ကျန်းက လက်ပိုက်ကာ တတွတ်တွတ်ပြောလာသည် ။
“စီ မိသားစုက ကိုယ်စားပြုအနေနဲ့  ဘယ်သူ့ ကို လွှတ်လိုက်မလဲ သိချင်လိုက်တာ ။ နင်တို့ ချင်း ကလန်က ဘိုးဘေးတွေက ဗိုလ်ချုပ်တွေ ဖြစ်ခဲ့ကြသလို ငါတို့ စုန့်  မိသားစုကလည်း သိုင်းဂိုဏ်းချုပ်တွေ ဖြစ်ခဲ့တယ်လို့ 
ပြောလို့ ရတယ် ။ ဒါပေမယ့်လို့  စီ မိသားစုကတော့ စီးပွားရေးနယ်ပယ်မှာပဲ ကျင်လည်လာတာဆိုတော့ ငါတို့ လို သိုင်းပညာမှာ ထူးချွန်မှာမဟုတ်လောက်ဘူး ။ သူတို့ ကလန်က ကိုယ်ရံတော်တွေဆိုတာက လည်း အပြင်ကနေ ခေါ်ထားကြတဲ့သူတွေဆိုတော့ သင့်တော်မယ့် ကိုယ်စားပြုသူကို ရဖို့  သူတို့ အတွက် လွယ်မှာမဟုတ်ဘူး”ထိုစကားကို ကြားလိုက်ရချိန် ချင်းရူရှီ၏မျက်လုံးတို့  ၀င်းပသွားပြီး ပြောလာသည် ။
“အားကျိုက သင့်သလို စီစဉ်ထားမှာပါ”စုန့် ရွှယ်ကျန်း ခေါင်းတဆတ်ဆတ်ညိတ်လာပြီး ပြောလာသည် ။
“သခင်လေး ၉ ကိုယ်တိုင် ရွေးထားတဲ့လူတွေဆိုတော့
ငါတို့  စောင့်ရကျိုးတော့နပ်မှာပါ”သူတို့ ပြောဆိုနေချိန် ခြောက်ယောက်ပါသည့်အဖွဲ့ 
တစ်ဖွဲ့ သည် စင်မြင့်ဘက်ဆီ လျှောက်လာနေလေပြီ ။အနောက်ကနေ ပါလာသည့် ငါးယောက်သားမှာ သူတို့ကိုယ်ပေါ်တွင် စီ မိသားစုတံဆိပ်ကို ဆွဲထားကြ၏ ။
သို့ သော် ထိုသူတို့ ကို ဦးဆောင်လာသည့်သူမှာ
ပျော့ပျော့နွဲ့ နွဲ့ မိန်းမပျိုလေးတစ်ဦး ဖြစ်နေ၏ ။ထိုရောက်လာသည့်သူကို မြင်လိုက်ပြီး
စုန့် ရွှယ်ကျန်း မျက်မှောင်ကုတ်သွားသည် ။“အဲ့ဒါ ရီဝမ်ဝမ် မဟုတ်ဘူးလား…ဘာလို့  ရီဝမ်ဝမ် လဲ”
ရီဝမ်ဝမ်သည် စုန့် ရွှယ်ကျန်းဆီ လျှောက်လာပြီး သူမကိုယ်သူမ မိတ်ဆက်ပေးလာသည် ။
“မိန်းကလေး စုန့် …တွေ့ ရတာ ၀မ်းသာပါတယ် ။ မိန်းကလေး နာမည် ကို ကြားကြားနေတာ ကြာပါပြီ ။
ကျွန်မ မျိုးရိုးက ရီ ပါ ၊ ဒီနေ့ သိုင်းပြိုင်ပွဲမှာ စီ မိသားစုကို ကိုယ်စားပြုပြီးတော့ ရောက်လာတာပါ”
![](https://img.wattpad.com/cover/212187589-288-k673201.jpg)
YOU ARE READING
ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။