စာစဥ် ၅၄ (၉-၁၆)

3.8K 555 31
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  54
Chapter.          :  9 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၄၊ အခန်း ၉။ သောက်ချင်လား

ရီ၀မ်၀မ်သည် ချီးထုပ်၏ သတိပေးစကားကို ခေါင်းညိတ်ပြသည် ဆိုရုံ ညိတ်ပြလိုက်၏ ။

သူမကိုယ်တိုင်သည်လည်း ထိုကိစ္စများတွင် ၀င်မပတ်သက်လိုပါချေ ။ သူမ၏ လွတ်လပ်သောနယ်မြေကို လာရင်းအကြောင်းခံမှာ စီရီဟန်ကို ရှာပြီး အမှန်တရားကို မေးမြန်းကာ တရုတ်ပြည်ကို ပြန်ခေါ်သွားလိုခြင်း သာ ဖြစ်၏။ လွတ်လပ်သောနယ်မြေကို ရောက်လာပြီးနောက်တွင် အရာရာမှာ ဖရိုဖရဲ နှင့် မကူနိုင်မကယ်နိုင် ဖြစ်လာရလိမ့်မည်ဟု မည်သူ သိပါ့မည်နည်း ။
သူမသည် ထိုအရေးတွေထဲကနေ မရုန်းထွက်နိုင်ရုံမျှမက ထိုအရေးတွေထဲ တစတစပင် နစ်၀င်သွားနေရလေသည် ။

"အရှင် ချီး ရော…ဘာဂိုဏ်းမှ မထောင်ဖူးဘူးလား"
ရီ၀မ်၀မ် သိလိုစွာဖြင့် မေးလိုက်သည် ။

ကောလဟလတို့အရဆို သူမအရှေ့မှ ထိုလူသည် အင်အားကြီးမားလွန်းသည်တဲ့ ။ လွတ်လပ်သောနယ်မြေလို နေရာမျိုးတွင် လက်နက်အသုံးပြုခြင်းကို တားမြစ်ထားသည်ကလွဲလျှင် တခြား စည်းကမ်း တင်းကျပ်မှု မရှိပါချေ ။
သိုင်းပညာသည်သာ အရာခပ်သိမ်း ဖြစ်လေသည် ။ သို့ဖြစ်ရာ ချီးထုပ်လို လူက အဘယ်ကြောင့်များ ကိုယ်ပိုင် ဂိုဏ်းထောင်ကာ ကိုယ်ပိုင်အင်အားကို မတည်ဆောက်လေသည်နည်း ။

ချီးထုပ်သည် တခနလောက် အံ့အားသင့်သွား၏ ။
တခနလောက် သူ စဉ်းစားကြည့်လိုက်ပြီး ပြောလာသည် ။

"သုံးစားမရတဲ့ အမှိုက်တွေကို စုပြီးတော့ ဘာလို့ ဂိုဏ်းထောင်ရမှာလဲ ။ အဲ့လိုလုပ်ရင် ဘာအကျိုးရှိမှာမို့လို့လဲ"

ရီ၀မ်၀မ် လုံး၀အတိ ဆွံ့အမိသွား၏ ။

ချီးထုပ်ရဲ့မျက်လုံးထဲမှာ အကုန်လုံးက အမှိုက်တွေချည်းပဲလား ။

သူ့ကိုယ်သူ အရမ်းအထင်မကြီးလွန်းဘူးလား ။

"သောက်ချင်လား" တခနအကြာတွင် ချီးထုပ်က ရီ၀မ်၀မ်ကို မေးလာသည် ။

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Nơi câu chuyện tồn tại. Hãy khám phá bây giờ