Book. : 45
Chapter. : 9 - 14
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၄၅၊ အခန်း ၉ ။ သူ့ မှာ အတွေးပြသနာရှိနေတာ
သို့ နှင့် ကုန်ရွှီ ထပ်ကြိုးစားရပြန်သည် ။
တစ်ခေါက်စီတိုင်း၊ တစ်ခေါက်စီတိုင်းသည်
ကုန်ရွှီ ပိုပိုတော်လာသည်ချည်းသာ ။
သို့ သည့်တိုင် ရီဝမ်ဝမ်၏မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်နေသည်ချည်းသာ ။ ရီဝမ်ဝမ်စိတ်ထဲဝယ်
တစ်ခုခု လိုနေသည်ဟု ခံစားနေရဲဆဲသာ ။သူမအနေဖြင့် ကုန်ရွှီကို အခုထက်ပို ကြမ်းစေချင်သည် ။ တစ်ဖက်လူထက်ကို ပို၍ ရက်စက်စေချင်သည် ။
သုံးလေးခေါက် ဆက်ရိုက်လာရအပြီးတွင် ကုန်ရွှီသည် ထပ်ရိုက်ဖို့ ရာ ငြင်းဆိုလာတော့၏ ။
“ကျွန်တော် တော်တော်လေး ကြမ်းထားပြီးပါပြီဗျာ ။ ဘယ်လို ထပ်ကြမ်းရဦးမှာလဲ ။ ထပ်အကြမ်းနိုင်တော့ဘူး၊
ဒါ ဂိတ်ဆုံးပဲ”ရီဝမ်ဝမ် တခနလောက် တိတ်ဆိတ်သွားပြီး
ကုန်ရွှီကို ခေါ်လိုက်ရ၏ ။“ဒီကို လာဦး”
“ဟုတ်”
ကုန်ရွှီသည် သူမလေးဆီသို့  သွားလိုက်သည် ။
ရီဝမ်ဝမ်…တစ်ခနလောက် တွေးကြည့်လိုက်ပြီး၊ ကုန်ရွှီကို ပြောလိုက်သည် ။ “အခု မင်းရဲ့မျက်လုံးတွေကို မှိတ်ထား ၊
ငါ ပြောမှာကို သေသေချာချာလေး နားထောင် ။ အခု မင်းကိုယ်မင်း ထရိန်နင်ကို ရောက်နေတယ်လို့  စိတ်ကူးကြည့်လိုက် ။ ဟိုးတောနက်ကြီးထဲမှာ ရောက်နေတယ် ။ လက်ထဲမှာ ဘီစကစ်တစ်ချပ်ကို ကိုင်ထားတယ် ။ ဒီတောနက်ကြီးထဲမှာ မင်း အသက်ရှင်ဖို့ အတွက် တစ်လတိတိ ရုန်းကန်ရမယ် ။
အခုဆိုရင် မင်း ဇွဲကြီးကြီးနဲ့  ရုန်းခံတောင့်ခံလာခဲ့ရတာ
ရက်ပေါင်း ၂၉ ရက် ရှိလာပြီ ။ ဒီနေ့ က နောက်ဆုံးရက်ပဲ ။
မင်း လုံးဝကို ခြေကုန်လက်ပန်းကျနေပြီ၊ ဘယ်လိုမှ တောင့်မခံနိုင်တော့ဘူး ။ အဲ့ဒီအချိန်မှာ လက်ထဲမှာ ရှိနေတဲ့ ကွတ်ကီလေးကို စားလိုက်တော့မယ်အလုပ်…အဲ့ဒီအချိန်မှာ ဟိုငနဲသားက မင်းမှာ ရှိနေတဲ့နောက်ဆုံးကွတ်ကီးကို ဖြတ်ယူသွားတယ် ။ ကဲ…မင်း အခု ဘာလုပ်မလဲ”
![](https://img.wattpad.com/cover/212187589-288-k673201.jpg)
YOU ARE READING
ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။