Book. : 30
Chapter. : 1 - 6
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၃၀၊ အခန်း ၁။ သရုပ်ဆောင်ကောင်းတယ်
တကယ်တော့၊ သူမနဲ့ပတ်သက်ပြီး စီရီဟန် စိတ်မချနိုင်ဖြစ်နေရခြင်းမှာ အပြစ်မတင်သာပါ ။
သူမ၏အတိတ်ဘ၀တွင်၊ စီရီဟန်သည် သူမအတွက် အကြိမ်ကြိမ် လမ်းဖောက်ပေးခဲ့သည် ။ သို့သော်၊ သူမလေးသည် အကြိမ်တိုင်း ဖျက်လိုဖျက်စီး လုပ်ပစ်ခဲ့သည်ချည်း ဖြစ်သည် ။
သို့သော်၊ ဒီတစ်ကြိမ်တော့၊ ထပ်တူညီသောအမှားမျိုးကို
သူမ ထပ်လုပ်တော့မည် မဟုတ်ပါ…နောက်တစ်နေ့တွင်၊ စီ ကော်ပိုရေးရှင်း၏ အစည်းအဝေးခန်း ထဲတွင် ။
စီရီဟန်သည် အလယ်ခေါင်က အဓိကရထိုင်ခုံကြီးတွင် ထိုင်လို့နေသည် ။ သူ၏ဘေးတွင်မူ၊ ရင့်ကျက်သည့်ရှန်ပိန်ရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် ရီဝမ်ဝမ် ။
စီရီဟန်သည် သူမရဲ့လက်ကို တွဲပြီး လမ်းပြနေခဲ့သည်မှာ အချိန်အတော်ကြာ လာပြီဖြစ်သည် ။ ဤသည်ကတော့ သူ၏ကိုယ်ရေးလက်ထောက်အဖြစ် ကုမ္ပဏီထဲ တရားဝင်ခေါ်သွင်းပေးခဲ့သည့် ပထမဆုံးသောအကြိမ်ပါ တည်း ။
သူမလေးသည် ဘယ်ဌာနမဆို၏ အရေးကိစ္စအ၀၀တို့ကို ၀င်စွက်ဖက်နိုင် သည့်၊ အချိန်အတိုဆုံးနည်းဖြင့် ကုမ္ပဏီနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ပြီး ကွန်ရက်တစ်ခု တည်ဆောက်နိုင်ဖို့ အတွက် အကောင်းဆုံးသော ရာထူးနေရာတစ်ခုတွင် ရှိနေလေပြီ ။
“အားလုံးပဲ၊ မင်္ဂလာနံနက်ခင်းပါ။ ရှေ့လျှောက် ကျွန်မကို လမ်းပြပေးကြပါ” ရီဝမ်ဝမ်သည် နှစ်လိုဖွယ်ကောင်းစွာဖြင့် မတ်တပ်ထရပ်လာပြီး ရိုးရှင်းစွာ နှုတ်ခွန်းဆက်စကား ဆိုလိုက်၏ ။
ဒီနေရာတွင် စီရီဟန်ပါ ထိုင်နေခြင်းဖြစ်သဖြင့်
ထိုလူတွေ ဘာတွေးနေကြသလဲဆိုသည်ကို မှုနေစရာမလိုပါချေ။အားလုံးသည် မျက်နှာထက်တွင် နွေးထွေးသိုက်မြိုက် သည့်အပြုံးပန်းတို့ကိုသာ ဆင်မြန်းထားကြလေသည် ။
ချင်းရူရှီသည် ပထမဦးဆုံး မတ်တပ်ထရပ်လိုက်ပြီး
လက်ခုပ် တဖြောင်းဖြောင်းတီးပေးလာ၏ ။
![](https://img.wattpad.com/cover/212187589-288-k673201.jpg)
YOU ARE READING
ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။