Book. : 33
Chapter. : 23 - 26
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၃၃၊ အခန်း ၂၃။ လိုက်ဖက်တယ်
ကုန်ရွှီသည် စိတ်မပါလက်မပါ သက်ပြင်းချလာသည် ။
“VIVI လား ။ အာ…သူတို့ က ဖက်ရှင်လောက် မမိုက်ပါဘူးဗျာ…”
ရီမူဖန်သည် သူ့အား စွေစောင်းကြည့်လိုက်၏ ။
“မင်းကများ သူတို့ ကို ဝေဖန်ရသေးတယ်။
သူတို့  မင်းကို မဝေဖန်တာပဲ တော်လောက်ပြီ ။ တရုတ်ပြည်က ဖက်ရှင်မဂ္ဂဇင်းတွေထဲမှာ VIVI က သရုပ်ဆောင်တွေရဲ့နာမည်ကို အရမ်းကြည့်တတ်တာ - မဂ္ဂဇင်းထဲမှာ ပါတဲ့လူတိုင်းက ထပ်တန်းသရုပ်ဆောင်တွေ ချည်းပဲ ။ ငါတို့  ကံကောင်းလို့သာမဟုတ်ရင် မင်း အဲ့ကာဗာ မှာ ပါတောင်ပါနိုင်ပါ့မလား”“ခင်ဗျားက ဘယ်လိုဖြစ်နေတာလဲ ။ သခင်လေး (ကျွန်တော်) က အရမ်းကို နာမည်ကြီးနေပြီးသားပါဗျ၊ ဟုတ်ပီလား…”
ကုန်ရွှီ ပြန်ပေါက်ပေါက်ဖောက် လာသည် ။
လျိုချန်း ၀င်ပြောလာသည် ။
“ကျွန်တော်နဲ့ ကုန်ရွှီက အတူတူတွဲရိုက်ရမှာလား”ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်၏ ။
“အင်း…နှစ်ယောက်တွဲရိုက်ဖို့ ပြောထားတယ်”ရီဝမ်ဝမ်သည် သူတို့ အား ထိုအကြောင်းကို များများစားစားမပြောပြနေပေ ။ လူထု၏အမြင်ကောင်းကို
ချန်ထားဖို့ အတွက် သူမအနေဖြင့် သူတို့အား သဘာဝကျကျ ရိုက်ကူးစေလိုခြင်းကြောင့်ပင် ။ရီဝမ်ဝမ် ။ “ပြသနာမရှိရင် ရိုက်ကူးရေး အတည်ဖြစ်ပြီ ။ ပြီးတော့ လျိုချန်း…ငါ မင်းကို အရင်က ကုန်ရွှီကို ပြထားတဲ့ဇာတ်ညွှန်း မိတ္တူ ပို့ ပေးထားတယ် ။ မင်းဆီမှာ ပိုကောင်းတဲ့ပရောဂျက်တွေ ရှိနေပြီးသား မလို့  စောစောမပို့ပေးခဲ့တာ ။ ဒါပေမယ့် အခုတော့ ဒီဇာတ်လမ်းတွဲထဲမှာ ကုန်ရွှီ နဲ့ အတူ မင်းကိုပါ ထည့်ရတော့မယ်”
သူတို့ တွေသည် ရိုက်ကူးရေးအဖွဲ့ သားတွေကို
အကန့် အသတ်နှင့် သုံးရမည်ဖြစ်ပြီး တခြားသောသရုပ်ဆောင်တွေကို ငှားရမ်းဖို့ ရာအတွက် ပိုက်ဆံအများကြီးလိုအပ်ပေသည် မဟုတ်ပါလား…
![](https://img.wattpad.com/cover/212187589-288-k673201.jpg)
YOU ARE READING
ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။