Unicode
အခန်း(၂၅၂)
နှစ်ယောက်တည်းစကားပြောမယ်ယန်ထျန်းဟန်မှာရုတ်တရက်ကြီးသူ့မူလဇစ်မြစ်ကိုသိသွားရတဲ့အပြင်သူ့မိဘနှစ်ပါးရဲ့အချစ်အမုန်းဆက်ဆံရေးကိုလေ့လာလိုက်ရသည်။ဒါ့အပြင်လူအများကြီးကလည်းသူ့ကိုအမဲလိုက်သလိုလိုက်နေကြောင်းကြားသွားခဲ့ရပြန်သည်။ထို့ကြောင့်သူ့မှာသဘာဝကျကျပင်စိတ်အခြေအနေမကောင်းဖြစ်နေပြီးစိုးရိမ်ပူပန်မှုနှင့်ကြောက်လန့်မှုကိုခံစားနေရသည်။
သူကြောက်တာကအနှေးနဲ့အမြန်တစ်နေ့နေ့မှာလင်ရွှမ်းဇီကိုသူနဲ့အတူဆွဲချမိသွားမှာကိုပဲ
သူက'ကောင်းကင်ဘုံရဲ့တာအိုသည်မျှတပေလိမ့်မည်၊သို့သော်အပြစ်ကျူးလွန်သူများကတော့လွတ်လိမ့်မည်မဟုတ်'ဆိုသည့်အတိုင်းတစ်နေ့မှာသူနဲ့လင်ရွှမ်းဇီတို့သူ့ရဲ့သွေးကြောင့်အတင်းအကြပ်ခွဲခံရပြီးဒီလိုမျိုးအတူတကွပျော်ပျော်ရွှင်ရွှင်မနေနိုင်တော့မှာကိုလည်းစိုးရိမ်မိရပြန်သည်။
ယန်ထျန်းဟန်က,ငိုယိုပြီးကလေးဆန်စွာပြုမူပြောဆိုနေသော်လည်းတကယ်တမ်းသူ့စိတ်နှလုံးသားထဲမှာတော့သူ့ရဲ့ကိုယ်ပိုင်အတွေးအမြင်နှင့်ယုံကြည်မှုများရှိသည်။
သူကလိမ္မာပါးနပ်တဲ့သူတစ်ယောက်လို့လင်ကျန်တစ်ခါကပြောဘူးသည်။ဒီကလေးကပေါက်စလေးအရွယ်လောက်ကတည်းကအမြဲတမ်းဉာဏ်ကောင်းခဲ့တာဖြစ်၏။
ယန်ထျန်းဟန်ကဖုန်ကျင်းယွီရှေ့မှာရပ်လိုက်၍ခေါင်းကိုငုံကာဖီးနစ်ပေါက်လေးအားငုံ့ကြည့်လိုက်သည်။
"အကိုကြီး,ကျွန်တော်မောက်မောက်နဲ့နှစ်ယောက်တည်းစကားပြောလို့ရမလား?"
လင်ရွှမ်းဇီကဖုန်ကျင်းယွီကိုတစ်ချက်စောင်းကြည့်လိုက်ပြီးခေါင်းညိတ်ပြလိုက်သည်။
"အကိုကြီးအခန်းထဲမှာပဲစောင့်နေလိုက်မယ်"
"ဟုတ်" ယန်ထျန်းဟန်ကလင်ရွှမ်းဇီကိုပြန်လှည့်ပြီးပြုံးပြလိုက်သေးသည်။
လင်ရွှမ်းဇီရဲ့မျက်လုံးများကတော့နူးညံ့လို့နေ၏။ "အများကြီးစိတ်ပူမနေနဲ့"
YOU ARE READING
(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်း
Randomပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာဖောက်ခဲ့သည်။ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက သူ့ကို ထိုးနှက် သတ်ဖြတ်ပြီးမှသာ သူကျူးလွန်ခဲ့သည့် ခ...