Unicode
အခန်း(၃၈၇) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
သိပ်မကြာခင်မှာပဲ လုံးဝ မမှောင်သွားခင်မှာ ယွမ်ခုနှစ်က ဆေးသန့်စင်လို့ ပြီးသွားသည်။
ယွမ်ခုနှစ်က ဆိုးဝါးပုံပေါ်သည့် အနက်ရောင် ဆေးပန်းကန် တစ်လုံးအား ယူလာပြီး သွမ့်ယွီယန်ဆီ လျှောက်လာကာ လေးနက်တည်ကြည်လှသည့် အသံဖြင့် ပြောလာသည်။
"သခင်မ, ဆေးသန့်စင်လို့ ပြီးပါပြီ, အခု သောက်လို့ရပါတယ်"
သွမ့်ယွီယန်က လှမ်းယူရန် လက်ဆန့်ထုတ်ချင်သော်လည်း ယွမ်ထျန်းဝမ်က အရင်ယူသွားသည်။
ယွမ်ထျန်းဝမ်က ဆေးအား ခဏလောက် ကြည့်ပြီးနောက် သူ့ရဲ့ သိုလှောင်အိတ်ထဲမှ ဆေးပုလင်း တစ်ခုအား ထုတ်ယူ၍ ဆေးအနည်းငယ်အား ပုလင်းထဲ ထည့်လိုက်သည်။
ပုလင်းထဲမှ ဆေးလုံးက ခဏအတွင်း ပျော်ဝင်သွားပြီး ဆေးသည်လည်း ကြည်လင်သောအရောင်သို့ ပြောင်းသွားသည်။ အနံ့က မွေးပြီး ကြည်လင်နေတာကြောင့် လူတွေအား သက်တောင့်သက်သာ ဖြစ်စေ၏။
"အဲ့ဒါဘာလဲ?"
ယန်ထျန်းဟန်က သိချင်စိတ်လေးဖြင့် ဝင်မေးသည်။
"ဒါက ယန်ယန်ရဲ့ ကိုယ်ထဲက အဆိပ်နဲ့ တစ်ခြားဆေးပင်တွေကို ပေါင်းစပ်ပြီး လုပ်ထားတဲ့ အဆိပ်ဆေးလုံးလေ"
ယွမ်ထျန်းဝမ်က အတော်လေးကို သတိထား လုပ်ဆောင်နေသည်။
"စားလို့ ရတဲ့ အရာမှန်သမျှ မစမ်းသပ်ပဲနဲ့ ယန်ယန်ကို မကျွေးရဲဘူး"
ယန်ထျန်းဟန်က ခေါင်းလေး တစ်ဆတ်ဆတ် ညိတ်ကာ
"ဂရုစိုက်တာ ပိုကောင်းပါတယ်"
ယွမ်ထျန်းဝမ်အနေနဲ့ ဒါက သူကိုယ်တိုင်ဖော်တဲ့ ဆေးဖြစ်နေရင်တောင် မစမ်းသပ် မချင်း စိတ်မချနိုင်ဘူးလေ။
အချိန်အနည်းငယ် ကြာတဲ့အထိ တစ်စုံတစ်ရာထူးခြားမှု မတွေ့မှသာ ယွမ်ထျန်းဝမ်က စိတ်ချလက်ချနဲ့ သွမ့်ယွီယန်အား ဆေးပေးလိုက်သည်။
ယွမ်ထျန်းဝမ်က သွမ့်ယွီယန်ကိုသာ ကြည့်နေသည်။
"ယန်ယန်, ဒီဆေးသောက်ပြီးရင် ဆိုးဝါးတဲ့ တုံ့ပြန်မှုတွေ ရှိဦးမလားတော့ မသိဘူး ဒါပေမဲ့ မကြောက်နဲ့နော် ကိုယ့်ဆီမှာ အသက်ကယ်ဆေးတွေ အများကြီးရှီတယ် မင်းကို ဘယ်တော့မှ တစ်ခုခု မဖြစ်စေရဘူး"
YOU ARE READING
(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်း
Randomပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာဖောက်ခဲ့သည်။ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက သူ့ကို ထိုးနှက် သတ်ဖြတ်ပြီးမှသာ သူကျူးလွန်ခဲ့သည့် ခ...