Unicode
အခန်း(၂၈၆)
《Profound Book of Poisons》စေတန်နတ်ဆိုးမျိုးနွယ်စုကသဘာဝတရားကိုကသတ်ဖြတ်ရတာကိုနှစ်သက်ပြီးအလောင်းများဆီမှကျင့်ကြံဆင့်ကိုစုပ်ယူကြသည်။ဒါ့အပြင်သူတို့ကလူသားကိုယ်ထဲကဝိဉာဉ်သုံးခုနဲ့စိတ်ဝိဉာဉ်ခုနှစ်ပါးကိုစုပ်ယူခြင်းဖြင့်လည်းသူတို့ရဲ့ကိုယ်ပိုင်ကျင့်ကြံဆင့်ကိုတိုးမြှင့်လို့ရနိုင်၏။ထိုကဲ့သို့သောရက်စက်ယုတ်မာမှုများသည်ကောင်းကင်ဘုံရဲ့တာအိုကသည်းမခံနိုင်တဲ့အရာများဖြစ်သည်။
ထို့ကြောင့်လည်းစေတန်နတ်ဆိုးအနွယ်ဝင်တစ်ယောက်ယောက်အထွတ်အထိပ်ကိုရောက်တာနဲ့ထိုနတ်ဆိုးကိုသတ်ဖြတ်ပစ်မည့်ကောင်းကင်သားတော်တစ်တစ်ယောက်တော့အမြဲတမ်းရှိသည်။ထိုသူကနတ်ဆိုးမျိုးနွယ်စုပထမဆုံးပေါ်ပေါက်လာခဲ့တဲ့အချိန်တုန်းကလိုပဲစေတန်နတ်ဆိုးမျိုးနွယ်များကိုဖိနှိပ်လိမ့်မည်။
စေတန်နတ်ဆိုးများကကာလရှည်ကြာငြိမ်သက်နေကြပြီးပြန်လာနိုင်မယ့်အခွင့်အလမ်းကိုရှာဖွေကြသော်လည်းရှုံးနိမ့်မှုများနဲ့သာရင်ဆိုင်ကြရပြန်သည်။ရေရှည်မှာတော့အဲ့ဒါကကောင်းကင်ဘုံတာအိုကနေရှေးအချိန်တုန်းကတည်းကသတ်မှတ်ထားခဲ့သည့်သံသရာတစ်ခုနှင့်တူနေသည်။
ယန်ထျန်းဟန်ကရှေ့ဖြစ်ဟောမိသားစုရဲ့ကြိုတင်ဟောကိန်းများအားနေ့စဉ်နေ့တိုင်းဆက်တိုက်စဉ်းစားမိသည်။သူကစေတန်နတ်ဆိုးတစ်ယောက်ဖြစ်ပြီးဖျက်ဆီးခြင်းကြယ်စင်ပင်။လင်ရွှမ်းဇီကတော့ကယ်တင်ခြင်းကြယ်စင်ဖြစ်နေသည်။သူကတကယ့်ကိုစေတန်နတ်ဆိုးတစ်ယောက်ပဲဆိုတာနားလည်လိုက်တဲ့အချိန်မှာတစ်ချို့အရာများကိုရုတ်တရက်နားလည်သွားရသည်။
ပထမအချက်,သူ့ကိုယ်ရေးအကြောင်းအရာကနောက်ကြောင်းပြန်လှည့်လို့မရဘူး ; စေတန်နတ်ဆိုးကစေတန်နတ်ဆိုးပဲဖြစ်နေမှာပဲ။သူ့ကိုယ်ထဲမှာလူသားသွေးတစ်ဝက်စီးဆင်းနေတာနဲ့ပဲသူကစေတန်နတ်ဆိုးတွေရဲ့အင်အားကြီးလှတဲ့လူမျိုးရေးရာလက္ခဏာတွေကိုဆုံးရှုံးသွားမှာမဟုတ်ဘူး
YOU ARE READING
(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်း
Randomပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာဖောက်ခဲ့သည်။ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက သူ့ကို ထိုးနှက် သတ်ဖြတ်ပြီးမှသာ သူကျူးလွန်ခဲ့သည့် ခ...