Chapter(339) - Falling Out

3.2K 671 17
                                    

Unicode

အခန်း(၃၃၉) - Falling Out

"အဲ့ဒီထက်ပိုတယ်, ဟုတ်တယ်မှတ်လား?" လင်ရွှမ်းဇီက နက်ရှိုင်းသည့် အဓိပ္ပါယ်ဖြင့် မေးလိုက်သည်။

"သူကလေးဘဝတုန်းက အသက်ကြီးလာရင် ရှောင်ထျန်းကို လက်ထပ်မယ်လို့ တစ်ခါတုန်းကတော့ ဝမ်ရိထုန်က ပြောခဲ့ဘူးတယ်, ဒါပေမဲ့ အကြောင်းအရင်း တစ်ချို့ကြောင့် ဝမ်မိသားစုက ပေ့မိသားစုကို ရက်ရက်စက်စက် ချေမှုန်းပစ်ခဲ့တယ်, ပေ့ရှစ်ထျန်းက အခုဆိုရင် ဝမ်မိသားစုကို သေလုနီးပါး မုန်းတီးနေတာ, သဘာဝကျကျပဲလေ သူဝမ်ရိထုန်ကိုလည်း ရှောင်တာပေါ့, သူ့ကို ဘယ်တော့မှ မသိခဲ့ရင် ကောင်းမယ်လို့တောင် ဆန္ဒရှိနေပြီ"

"ဒီကိစ္စမှာ ဝမ်ရိထုန်က အမှားမလုပ်ခဲ့ဘူးပဲ"

ခဏတာ ရပ်တန့်သွားပြီးနောက် ပေ့ချောင်မော့က စိတ်မကောင်းချင်းကြီးစွာနဲ့ ပြန်ဖြေသည်။

"ဟုတ်တယ်, ရှောင်ထျန်းက ပြတ်သားလွန်းတယ်, တကယ်တမ်းက ဝမ်မိသားစုရဲ့ လုပ်ရပ်တစ်ခုလုံး ဝမ်ရိထုန်နဲ့ ဘာမှမပတ်သတ်ဘူးလေ, အဲ့ဒီတုန်းက သူက ဆယ်ကျော်သက်လေးပဲ ရှိသေးတာ, မိသားစုရဲ့ ဆုံးဖြတ်ချက်ကို သူဘယ်လိုများ လွှမ်းမိုးနိုင်မှာလဲ? ငါတိုက်ကြီးငါးတိုက်ကို ရှောင်ထျန်းနဲ့အတူ တစ်လျှောက်လုံး ထွက်ပြေးလာခဲ့တာ, မမျှော်လင့်ပဲ ဝမ်ရိထုန်ပါ ငါတို့နောက် လိုက်လာတယ်, ဝမ်မိသားစုက မဟာအကြီးအကဲ လန်ယွဲ့နဲ့ အဆက်အသွယ် တစ်ချို့ရှိတော့ ရှောင်ထျန်းကို တပည့်အဖြစ် လက်ခံပြီးနောက်မှာ မဟာအကြီးအကဲ လန်ယွဲ့က ဝမ်ရိထုန်ကိုပါ သူ့တပည့်အဖြစ် လက်ခံလိုက်တော့တာပဲ"

လင်ရွှမ်းဇီက ခေါင်းညိတ်သည်။

"ကျွန်တော်သိပြီ, အဲ့ဒီတော့ ဒါကြောင့် ဝမ်ရိထုန်နဲ့ ပေ့ရှစ်ထျန်းကြားမှာ အညှီအဟောက် တစ်ခုခု ရှိနေသလို အမြဲတမ်း ခံစားနေရတာပေါ့"

ပေ့ရှစ်ထျန်းက ဝမ်ရိထုန်နဲ့ ပတ်သတ်ပြီး လုံးဝဂရုမစိုက်တာတော့ မဟုတ်ပေမယ့် သူ့ကို အေးစက်စက်နဲ့  ဥပေက္ခာ ပြုနေခြင်းဖြင့်သာ ဆက်ဆံခဲ့တာပင်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now