Unicode
အခန်း(၂၉၁) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
မဟာအကြီးအကဲဟွိုင်ယွီက ယန်ထျန်းဟန်အား ရက်ရက်စက်စက် မျက်စောင်းထိုးကြည့်သည်။
ဒါလည်း လင်ရွှမ်းဇီ ဟိုဟာလည်း လင်ရွှမ်းဇီ
အဲ့ဒီလင်ရွှမ်းဇီက ဒီအတိုင်း ထက်ရှတဲ့လျှာ၊မျောက်လို ပါးပြင်တွေနဲ့ ကြည့်လိုက်ရင် ဒေါသထွက်စရာကောင်းပြီ စဉ်းလဲတဲ့ မြေခွေးအိုကြီးဟာကို၊ သူကလုံးဝကို အံ့အားသင့်စရာ မကောင်းဘူး သူနဲ့ပတ်သတ်ပြီး ဘယ်ဟာကများ ဒီလောက်ကောင်းနေလို့လဲ?
မဟာအကြီးအကဲဟွိုင်ယွီရဲ့ နှလုံးသားက ဝမ်းနည်းကြေကွဲမှုများနဲ့ ပြည့်နှက်နေသည်။ ယန်ထျန်းဟန်ရဲ့ ပျော်ရွှင်ပြီး ကလေးဆန်လှတဲ့ အပြုအမူအားကြည့်ကာ ဝမ်းမနည်းပဲကို မနေနိုင်ပေ။
ဒီလိုအယုံလွယ်ပြီး ပျော်ပါးတတ်တဲ့ အကောင်ပေါက်လေးကို တစ်ခြား တစ်ယောက်ဆီ မွေးစားဖို့ ပေးလိုက်မိတာ သူ့ဦးနှောက်ထဲ အပေါက်ဖြစ်နေလို့ပဲ ဖြစ်ရမယ်။ သူ့အမေအရင်းဖြစ်သူက မနာလိုမှုတွေ ဒေါသတွေနဲ့ ပူလောင်နေတဲ့ အချိန်မှာ လင်ကျန်ကတော့ အရမ်းကို အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နေမှာပဲ!
ပြိးတော့ သူ့သားလေးကို စဉ်းစားရဲတဲ့ လင်ရွှမ်းဇီကလည်း အရှက်မဲ့တာပဲ!
သူတကယ်ကို နောင်တရတယ်၊ နစ်မြှုပ်ဓားတောင်ထွတ်မှာတုန်းက သူလင်ရွှမ်းဇီကိုပိုပြီး အနေခက် ရှက်ရွံ့အောင် လုပ်ခဲ့ရမှာ
ဒါပေမဲ့လည်း, အနာဂတ်မှာ အခွင့်အရေးတွေ အများကြီးရှိပါသေးတယ်!
မဟာအကြီးအကဲဟွိုင်ယွီက ခါးသီးမှုများနဲ့ ပြည့်နှက်နေပြီး နောက်ဆုံးမှာတော့ အံကိုကြိတ်၍ ရှိသမျှ မကောင်းမှုအားလုံးအတွက် ယန်ကျုံးဟွားကိုသာ အပြစ်တင်မိတော့သည်။
မင်းအဘွားကိုပဲ F* လိုက်တော့ ယန်ကျုံးဟွား!
သူ့ကြောင့်သာမဟုတ်ရင်, သူ့ကြောင့်သာမဟုတ်ရင်...သူ့မိသားစုရဲ့ အားဟန်လေးလည်း မွေးလာမှာမဟုတ်ဘူး
YOU ARE READING
(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်း
Randomပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာဖောက်ခဲ့သည်။ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက သူ့ကို ထိုးနှက် သတ်ဖြတ်ပြီးမှသာ သူကျူးလွန်ခဲ့သည့် ခ...