Unicode
အခန်း(၃၂၉) - ဆိုင်ရှင်များကို အနိုင်ယူပါ။
ဆိုင်များတွင် အထူးစာချုပ်များ ထည့်သွင်းရေးသားထားသည့် ဘုတ်ပြားများအား ဘေးတွင်ထောင်ထားသည်။ ထိုဘုတ်ပြားများပေါ်တွင် ဆိုင်မှာ လက်ရှိလိုအပ်နေသည့် ပါဝင်ပစ္စည်းများ၊ ဆေးလုံးများ သို့မဟုတ် မှော်ရတနာများကို ရေးသားထားပြီး ကော်မရှင်ဈေးနှုန်းကိုတော့ အဆုံးမှာ ထည့်သွင်းပေးထားတာပင်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုအလုပ်ကို လက်ခံလိုက်ပါက စာချုပ်အား ယူဆောင်သွားပြီး တာဝန်ပြီးဆုံးတာနဲ့ ထိုစာချုပ်အားပြန်လည်ယူဆောင်လာကာ ဆိုင်တွင် ငွေကြေးနှင့်လာရောက် လဲလှယ်နိုင်သည်။
တစ်ချိန်တည်းမှာပဲ အကယ်၍ ဧည့်သည်များက ဆိုင်မှာ တစ်ခုခုရှာချင်တာ ရှိတယ်ဆိုရင် တောင်းဆိုချက် ပြုလုပ်လို့ရပြီး ဆိုင်တွင် သဘောတူညီချက် တန်ဖိုးနှင့် စာချုပ် ချုပ်ဆိုင်ရန်အတွက် အထူးတာဝန်ခံတစ်ယောက် ထားပေးထားလေသည်။
သေချာပေါက် ဆိုင်များဆီ ပေးလာတဲ့ တာဝန်များအား မတူညီတဲ့ အဆင့်များအဖြစ် အမျိုးအစား ခွဲခြားထားဖို့တော့လိုသည်လေ။ လင်ရွှမ်းဇီမှာ လက်ရှိတွင် လူအင်အား အလုံအလောက် မရှိတဲ့အပြင် တစ်ခြားမိသားစုများနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေ၏။ ထို့ကြောင့်သူက ထိုတာဝန်အပိုင်းကို ယွမ်နဲ့သွမ့်မိသားစုဆီ ယာယီလွှဲပြောင်းပေးရန် စီစဉ်ထားသည်။
သူ့အနေနဲ့ အနာဂတ်မှာ သူနဲ့စီးပွားရေး လုပ်ဖို့အတွက် အလားအလာ ရှိနေသော တစ်ခြားတိုက်ကြီးလေးခုက မိသားစုများကိုလည်း တာဝန် လွှဲပြောင်းပေးလို့ရသည်။ ရလဒ်ကတော့ လင်ရွှမ်းဇီအနေနဲ့ သူ့ဘက်က လူအင်အားကို သက်သာစေနိုင်ရုံသာမကပဲ မတူညီတဲ့ မိသားစုများနဲ့ စီးပွားရေး အဆက်အသွယ်များ ထူထောင်နိုင်ကာ ဆက်ဆံရေးကို ခိုင်ခံစေ့နိုင်တဲ့အပြင် အမြတ်အစွန်းများကိုလည်း တစ်ယောက်တည်း မစားကြတော့ပေ။ ဒီနည်းလမ်းဖြင့် လင်ရွှမ်းဇီရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုများက ပိုမိုလျင်မြန်စွာဖြင့် အခြေတည်ကာ ဖွဲ့ဖြိုးတိုးတက်လာနိုင်သည်။
YOU ARE READING
(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်း
Randomပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာဖောက်ခဲ့သည်။ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက သူ့ကို ထိုးနှက် သတ်ဖြတ်ပြီးမှသာ သူကျူးလွန်ခဲ့သည့် ခ...