Chapter(213) - သခင်မလေးရှန်

4.5K 978 72
                                    

Unicode

အခန်း(၂၁၃) - သခင်မလေးရှန်

သွမ့်ယွီဟောင်တကယ့်ကိုရိုးရိုးသား သားပြောရရင်သူကိုယ်တိုင်က သွမ့်ယွီယန်ထက်နေရာတိုင်းမှာသာလွန် နပါရက်နှင့်သွမ့်မိသားစုကသခင်လေးက ဘာလို့ဒီလိုမျိုးတစ်နေကုန်စားတာ သောက်တာကလွဲရင်အသုံးမကျတဲ့သူ ဖြစ်နေမှန်းနားမလည်နိုင်ဖြစ်နေရသည်။ သို့ပေမယ့်သူကိုယ်တိုင်သူ့လက်နဲ့ရအောင် လုပ်ရမယ့်အရာများရှိနေတာကြောင့် သူသွမ့်ယွီယန်အားသိပ်ပြီးအလေးအနက် ယူမနေတော့ပေ။

သွမ့်ယွီဟောင်ကအေးစက်စွာ သာနှာခေါင်းရှုံ့လိုက်သည်။

"ငါတိုသွမ့်မိသားစုကအမှိုက်တွေ သူတောင်းစားတွေကိုကြုံရာကျပန်း ကောက်တဲ့နေရာမဟုတ်ဘူး....အကယ်၍ ဝင်တဲ့အချိန်မှာမတော်တဆသတ်မိသွား ရင်သာငါ့ကိုလာအပြစ်မတင်နဲ့"

ယန်ထျန်းဟန်ကသူ့နှုတ်ခမ်းကို ကိုက်လိုက်သော်လည်းဘာမှတော့ ပြန်မပြောပေ။

သူကသူ့ဘာသာသူဘာလို့သူ့ အကိုကြီးကသူ့ကိုလာမရှာရတာလဲ ဆိုတဲ့အပေါ်မှာတိတ်တဆိတ်ရေရွတ် နေမိပြီးခံစားချက်ကတစ်ချိန်လုံးကျ ဆင်းနေတာကြောင့်သွမ့်ယွီဟောင်ရဲ့ ပေါက်ကရစကားတွေကိုစိတ်ရှုပ်ခံ ပြီးနားထောင်မနေပေ။

တစ်ခြားတစ်ဖက်မှာတော့အထက်တန်း လွှာမိသားစုများနှင့်အတူပိုင်မိသားစုက နောက်တစ်ဖန်အာရုံစိုက်မှုများကိုခံနေရ ပြန်သည်။မိသားစုတော်တော်များများ ကလက်ရှိအခွင့်အရေးကိုအရယူပြီး ပိုင်မိသားစုနှင့်ပေါင်းသင်းဆက်ဆံနိုင် ရန်ကြိုးစားနေကြသည်။ပြီးတော့လည်း သူတို့ပိုင်မိသားစုနဲ့အတိတ်သို့မဟုတ် လက်ရှိတုန်းကအလဲအလှယ်လုပ်ခဲ့ တာဖြစ်ဖြစ်ဒါမှမဟုတ်ပိုင်မိသားစုရဲ့ အကူအညီကိုအနာဂတ်မှာရရှိနိုင်ရန် ရှာဖွေရမှာဖြစ်သည်ပင်။တိုတိုပြောရ ရင်တော့လက်မှုပညာရှင်မိသားစုနဲ့ ဆက်ဆံရေးမကောင်းချင်တဲ့မိသားစု တစ်ခုပင်ရှိမနေပေ။

ပိုင်ဟုန်ဟုကလက်မှုပညာရှင်ယှဉ်ပြိုင် ပွဲမှာပြင်းပြင်းထန်ထန်ဒဏ်ရာရသွား ခဲ့သော်လည်းပြန်လည်ထူထောင်ရေး ကာလပြီးနောက်မှာဆေးလုံးကန့်သတ် လျို့ဝှက်နယ်မြေထဲဝင်ဖို့လုံလုံလောက် လောက်ပြန်ကောင်းနေပြီဖြစ်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းHikayelerin yaşadığı yer. Şimdi keşfedin