Unicode
အခန်း(၂၆၇) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
"နက်ရှိုင်းကောင်းကင်ရဲ့ဓားလေးဖော်ကအခုဓားငါးဖော်ဖြစ်သွားပြီလေ" ထိုစကားကိုကြားသည့်နောက်ဝမ်ရိထုန်ကအပြုံးဖျော့ဖျော့နှင့်ပြောလာသည်။
"တုချီယင်းဆိုတဲ့နောက်ထပ်ဓားသမားတစ်ယောက်ရှိသေးတယ်"
"တုချီယင်း?" လင်ရွှမ်းဇီကသူ့မျက်ခုံးကိုအနည်းငယ်ပင့်မြှောက်မိသည်။
"အမှန်ပဲမင်းရဲ့စီနီယာအကြီးဆုံးအကိုကြီးဟောင်းတုချီယင်း"
ဝမ်ရိထုန်ကအထင်အမြင်သေးဟန်ဖြင့်ရယ်သည်။
"တုချီယင်းကမင်းထွက်သွားပြီးသိပ်မကြာခင်ပဲမင်းနေရာကိုယူဖို့စီစဉ်ထားခဲ့တာလေဒါပေမဲ့ဆရာကစကားတစ်ခွန်းပဲပြောခဲ့တယ်'လင်ရွှမ်းဇီကတစ်နေ့ပြန်လာလိမ့်မယ်'တဲ့...ဂိုဏ်းကတစ်ခြားအကြီးအကဲတွေအားလုံးချက်ချင်းမင်းဘက်ကထောက်ခံကြပြီးတစ်ခြားဘယ်သူတွေဘယ်လိုပဲပြောနေပါစေမင်းနေရာသူယူဖို့ခွင့်မပြုခဲ့ဘူးဒါပေမဲ့တုချီယင်းမှာဂိုဏ်းချုပ်ရဲ့ထောက်ခံမှုရထားတဲ့ကျိုးပျက်ဓားတောင်ထွတ်ရဲ့တောင်သခင်ကကျောထောက်နောက်ခံရှိနေတယ်..အဲ့ဒါနဲ့ဂရုတစိုက်စဉ်းစားပြီးဂိုဏ်းချုပ်ကနက်ရှိုင်းကောင်းကင်ရဲ့ဓားလေးဖော်ကိုနက်ရှိုင်းကောင်းကင်ရဲ့ဓားငါးဖော်အဖြစ်ပြောင်းလဲခဲ့တာ"
သူကအဲ့ဒီခေါင်းစဉ်နဲ့ထိုက်တန်လို့လား?
လင်ရွှမ်းဇီမျက်နှာကခွေးမစင်စားရသလိုဖြစ်သွားသည်။ဝမ်ရိထုန်ကသူ့မျက်နှာကိုပဲအထူးတလှယ်ကြည့်၍ပျော်ရွှင်စွာရယ်မောတော့သည်။
"ရှက်စရာကောင်းတယ်လို့ခံစားရတယ်မှတ်လား?ဒီလိုယုတ်ညံ့တဲ့သူမျိုးနဲ့ခေါင်းစဉ်တစ်ခုတည်းဖြစ်သွားရတာ;ငါသာဆိုရင်တို့ဖူးရှာပြီးပဲကိုယ့်ကိုကိုယ်ရိုက်သတ်ပစ်လိုက်တော့မယ်အဲ့ဒါကရှက်စရာလည်းကောင်းတယ်စိတ်ပျက်ဖို့လည်းကောင်းတယ်"
ကျင့်ကြံသူူအများစုကသူတို့ရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားကြပြီးလင်ရွှမ်းဇီသည်လည်းချွင်းချက်မဟုတ်ပေ။
YOU ARE READING
(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်း
Randomပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာဖောက်ခဲ့သည်။ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက သူ့ကို ထိုးနှက် သတ်ဖြတ်ပြီးမှသာ သူကျူးလွန်ခဲ့သည့် ခ...