Unicode
အခန်း(၃၄၂) - ညမိုးချုပ် သတ်ဖြတ်ခြင်း
ယန်ထျန်းဟန်က အံ့သြသွားပုံ ပေါက်သော်လည်း ရုတ်တရက် နားလည်စွာ ခေါင်းညိတ်ပြလာသည်။
"စိတ်မပူပါနဲ့ အကိုကြီး, ကျွန်တော်အလျင် မလိုပါဘူး, ကျွန်တော်နဲ့သူ ပိုပြီး ရင်းနှီးလာရင် ထွက်လာချင်လာမှာပေါ့"
နောက်တစ်ချက် ထပ်စဉ်းစားပြီးနောက်မှာ သူက ဝမ်းနည်းစွာ သက်ပြင်းချပြန်သည်။
"ကျွန်တော်က အားကုကိုပါ ခေါ်သွားပြီး သူ့ကိုအဖော်ပြုခိုင်းဖို့ စဉ်းစားထားတာ, တကယ်တော့လည်း တစ်ယောက်က အလောင်းရုပ်သေးဖြစ်နေပြီး နောက်တစ်ယောက်က ဝိညာဉ်လေ, သူတို့တွေမှာ အတူတူဝေမျှစရာ ကိစ္စတွေ အများကြီး ရှိနိုင်တယ်"
"အားဟန်ပြောတာမှန်တယ်, သူတို့အချင်းချင်း ဆက်သွယ်ပြောဖို့ဖို့ သိပ်ခက်ခဲမှာ မဟုတ်ဘူး"
လင်ရွှမ်းဇီက ပြတင်းပေါက်နားမှာ ခေါင်းငုံ့ရပ်နေသော လင်းချီကုအား တစ်ချက်ကြည့်လိုက်ပြီး သူဘာတွေးနေလဲ သိချင်လာမိသည်။ ထိုအချိန်မှာ ဝိညာဉ်ပြား၏ အော်ဟစ်သံအား ကြားလိုက်ရလေရဲ့–
[မင်းကိုဘယ်သူက ပေါက်ကရတွေ ပြောခိုင်းလို့လဲ? ဘယ်တုန်းက ဒီသခင်ကြီးက အရမ်းရှက်နေလို့ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးလို့ ဖြစ်သွားရတာလဲ? မင်းလို ကောင်စုတ်လေးကငါ့ကို မင်းရဲ့ အသိစိတ်ပင်လယ်ထဲက နယ်မြေအတားအဆီးထဲမှာ ဖမ်းချုပ်ထားလို့သာ မဟုတ်ဘူးဆိုရင် ဘယ်လိုများ ဒီသခင်ကြီးက ထွက်မလာပဲ နေမှာလဲ?]
အချိန်အတော်ကြာ ဆဲဆိုပြီးနောက်မှာ ဝိညာဉ်ပြားက ထပ်ပေါင်းပြောလာပြန်သည်။
[ပြီးတော့ အဲဒီ အပြင်ဘက်က ယုန်ပေါက်လေး, ငါကဘာကြောင့် အဲ့ဒီ လူသေနဲ့ ဆွေးနွေးစရာတွေ ရှိရမှာလဲ? မင်းဦးလေးရဲ့ # $... *!]
နေ့တစ်ဝက်လောက် ဆဲဆိုပြီးနောက်မှာ လင်ရွှမ်းဇီက မေးလိုက်သည်။
["တော်ပြီလား?"]
ဝိညာဉ်ပြား , [မတော်ဘူး!]
လင်ရွှမ်းဇီက ပြောသည်။
[ဒါပေမဲ ငါကြားတာက လုံလောက်နေပြီ]
YOU ARE READING
(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်း
Randomပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာဖောက်ခဲ့သည်။ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက သူ့ကို ထိုးနှက် သတ်ဖြတ်ပြီးမှသာ သူကျူးလွန်ခဲ့သည့် ခ...