Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ

2.4K 524 10
                                    

Unicode

အခန်း(၃၇၅)  - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ

လင်ရွှမ်းဇီက ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒါဆိုလည်း မြန်မြန်ဝင်ကြတာပေါ့"

ဖူကျီစန်းနဲ့ လျှိုကျောက်ယွဲ့တို့က သူတို့အား ဖွင့်ထားသည့် သတ္တုတံခါးနှစ်ထပ်နောက်သို့ ခေါ်ဆောင်သွားသည်။

ရှည်လျားတဲ့ လမ်းကြောအား နောက်တစ်ဖန် ဖြတ်သန်းပြီး မရေမတွက်နိုင်သည့် အကြိမ်ပေါင်းများစွာ ကွေ့လိုက်ပတ်လိုက် လုပ်ပြီးနောက်မှာ သူတို့ မြင်ရသည့် မြင်ကွင်းက ရုတ်တရက် ကြည်လင်ရှင်းလင်းလာသည်။ ထို့နောက်မှာတော့ ကြီးမားပြီး ကြီးကျယ်ခမ်းနားသော အဆောက်အဦး  များအား မြင်တွေ့လိုက်ရ၏။

"သခင်လေး, အားဟန်!"

ရင်းနှီးတဲ့ အသံတစ်ခုက သိပ်မဝေးတဲ့ နေရာမှ ထွက်ပေါ်လာပြီး ကြိမ်တံ တစ်ခုနဲ့အတူ သူတို့ရှိရာသို့ စိတ်လှုပ်ရှားစွာ ခုန်ဆင်းလာသော ချင်းကျူအား မြင်လိုက်ရသည်။

ယန်ထျန်းဟန်သည်လည်း အလွန်စိတ်လှုပ်ရှားနေကာ အနားကို ပြေးသွားပြီး ချင်းကျူအား ခုန်ဖက်ပစ်လိုက်၏။

"ကိုကိုကျူကျီ, နောက်ဆုံးတော့ အစ်ကို့ကို တွေ့ရပြီ, အားဟန်က အရမ်းလွမ်းနေတာ"

ချင်းကျူက ပြုံးရင်း ယန်ထျန်းဟန်ရဲ့ ခေါင်းလေးအား ပုတ်ပေးလိုက်သည်။

"ငါလည်း အားဟန်ကို လွမ်းနေတာပါပဲ"

ယန်ထျန်းဟန်က ချင်းကျူအား ခေါင်းအစ ခြေအဆုံး ကြည့်၍ ရင်တုန်ပန်းတုန် မေးလာလေသည်။

"ကိုကိုကျူကျီ, အဲ့ဒီ လျှိုမုံချန်က အစ်ကို့ကို မညှင်းပန်းပါဘူးနော် ဟုတ်လား?"

ချင်းကျူက လျှိုမုံချန်၏ နာမည်အား ကြားသောအခါ သူ့အပြုံးက အနည်းငယ် လွင့်ပါးသွားသည်။

"သူ့မှာ စွမ်းရည် မရှိသေးပါဘူး"

ယန်ထျန်းဟန်က စိတ်သက်သာရာရစွာဖြင့် အသက်ရှုထုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလာလေသည်။

"သူက အစ်ကို့ကို လျှိုမိသားစုထဲမှာ ဘာလို့ ချုပ်ထားချင်တာလဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now