Unicode
အခန်း(၂၈၃) - အမြင်ကျဉ်းမြောင်းတယ်
အကယ်၍သင်ကမဟာအကြီးအကဲဟွိုင်ယွီဟာလေ့လာသင်ကြားပေးတဲ့အပေါ်မှာလေးနက်နေပါတယ်လို့ပြောမယ်ဆိုရင်ဗဟုသုတအများကြီးအတွက်သူ့ပါးစပ်ကိုခြောက်သွေ့အောင်လုပ်ခြင်းကိုလေးနက်တယ်ဟုပြောနိုင်သည်။ဒါပေမဲ့သူကသင်ကြားမှုအပေါ်မှာမလေးနက်ပါဘူးဆိုရင်ဘယ်လိုသာမာန်လူတစ်ယောက်ကဒီလောက်များပြားလှတဲ့အရာတွေအားလုံးကိုတစ်ခါတည်းနဲ့မှတ်မိနိုင်ပါ့မလဲ?
ဒါပေမဲ့ယန်ထျန်းဟန်ကတတ်နိုင်တယ်
ယန်ထျန်းဟန်ကလည်ချောင်းတစ်ချက်ရှင်းလိုက်ပြီးယုံကြည်ချက်အပြည့်ဖြင့်ပြန်ဖြေသည်။
"ဒီပန်းမှာပွင့်ချပ်ဆယ့်နှစ်ချပ်ရှိပြီးတော့နှင်းဖြူသစ်ခွလို့ခေါ်တဲ့ဝိညာဉ်မြက်အစိတ်အပိုင်းရှစ်ဆယ့်ရှစ်ပိုင်းရှိတယ်...သူကယန်စွမ်းအင်ကိုနှစ်သက်ပြီးတော့ယင်စွမ်းအင်ကိုပယ်ဖျက်ပေးတယ်ပြီးတော့ရေနဲ့မြေဆီလွှာသဘောသဘာဝနှစ်ခုနဲ့သက်ဆိုင်တာ....သူကအဆင့်သုံးမွေးရာပါဝိညာဉ်ပင်ဖြစ်ပြီးတော့အပူနဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်၊ဆေးလုံးထဲကအဆိပ်တွေကိုလည်းသန့်စင်ပေးပြီးတော့ဝိညာဉ်ပင်တွေရဲ့ပြင်းထန်တဲ့မီးသဘာဝကိုသဘာဝအလျောက်ပျက်ပြားစေနိုင်တယ်...သူ့ကိုမီးစွမ်းအင်ချိုးဖြတ်နိုင်တဲ့ဆေးလုံးလိုဆေးမျိုးကိုသန့်စင်ဖို့လည်းအသုံးပြုနိုင်ပြီးတော့ဆေးလုံးပြုလုပ်တဲ့နေရာမှာအောင်မြင်မှုနှုန်းမြင့်မားအောင်တစ်ခုတည်းသုံးရင်လည်းရတယ်..ကြိုတင်ကာကွယ်ရေးအတွက်ကတော့..."
ယန်ထျန်းဟန်ကပွင့်ဖူးနေသည့်ဝိညာဉ်ပင်အားကြည့်ပြီးဆက်ပြောသည်။
"သူတို့ကရေကြိုက်ပေမယ့်မကြာခဏတော့ရေလောင်းပေးလို့မရဘူး..မဟုတ်ရင်သူတို့ရဲ့အမြစ်တွေပိုပွားလာပြီးပေါင်းပင်တွေကလည်းအာဟာရအတွက်ယှဉ်ပြိုင်ဖို့ပတ်ဝန်းကျင်မှာအလွယ်တကူပေါ်လာလိမ့်မယ်..အဲ့ဒါကြောင့်ကျွန်တော့်အနေနဲ့ပေါင်းပင်နှုတ်ဖို့ကိုအများကြီးအာရုံစိုက်ထားစရာမလိုဘူး၊ဒါပေမဲ့,ဒီနှင်းဖြူသစ်ခွကတော့တစ်ခုနဲ့တစ်ခုအရမ်းကြီးနီးနီးကပ်ကပ်ထားလို့မဖြစ်ဘူးမဟုတ်ရင်အချင်းချင်းပြန်စားကြလိမ့်မယ်...ယေဘုယျပြောရရင်တော့ဒီလိုဝိညာဉ်ပင်မျိုးကထိန်းသိမ်းဖို့လွယ်ကူပေမယ့်လည်းသူ့ကြီးထွားနှုန်းကတော့နှေးကွေးတယ်...ဝိညာဉ်ချီစွမ်းအင်လုံလောက်မှုအပေါ်မူတည်ပြီးအပင်ပွင့်ဖို့ဆယ်နှစ်လောက်ကြာနိုင်တယ်"
YOU ARE READING
(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်း
Randomပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာဖောက်ခဲ့သည်။ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက သူ့ကို ထိုးနှက် သတ်ဖြတ်ပြီးမှသာ သူကျူးလွန်ခဲ့သည့် ခ...