Unicode
အခန်း(၂၉၄) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
ယန်ထျန်းဟန်က ခေါင်းခါပြသည်။
"ဟင့်အင်း, ဒီအတိုင်း စောင်ပဲ ခြုံပေးတာပါ, သူက ကျွန်တော် အိပ်ပျော်နေတယ်လို့ ထင်တာ ဒါပေမဲ့ တကယ်တော့ ကျွန်တော်က တိတ်တိတ်လေး လေ့လာနေတာရယ်"
ထိုစကားကိုပြောရင်းဖြင့် ယန်ထျန်းဟန်က ဂုဏ်ယူဝံ့ကြွားစွာ စကားဆက်သည်။
"အကိုကြီး, ကျွန်တော်အလုပ် ကြိုးစားတယ်မှတ်လား?"
ယန်ထျန်းဟန်က သူ့ကိုယ်သူစတင် ကျေနပ်လာသည်။
လင်ရွှမ်းဇီမှာ စိတ်သက်သာရာရစွာ သက်ပြင်းချမိ၏။
မဟာအကြီးအကဲ ဟွိုင်ယွီသာ သူ့မိသားစုက အားဟန်လေးအပေါ် အတွေးတွေ မထားသ၍ အရာအားလုံး အဆင်ပြေတယ်
လင်ရွှမ်းဇီသည် ယန်ထျန်းဟန်က ဟွိုင်ယွီအကြောင်း စကားကောင်းလေး အနည်းငယ် ထပ်ပြောသည့်အပေါ်မှာပါ ကူညီပေးလိုက်သည်။ အချိန်တစ်ချို့ ကြာပြီးနောက်မှာတော့ သူက မဟာအကြီးအကဲ ဟွိုင်ယွိရဲ့ တံခါးကို သွားခေါက်ပြီး သူ့ကလေးအတွက် တရားမျှတမှု ရှာပေးချင်နေသည့် ချင်းကျူရဲ့ အကြံဉာဏ်အား ဖယ်ရှားရန် တောင်းဆိုလိုက်တော့၏။ ထို့နောက်မှာတော့ ထူထဲစွာရေးထားသည့် စာလိပ်အား ထုတ်ယူလိုက်ပြီး ချင်းကျူအား ပေးလိုက်သည်။
"ဒီထဲက ပစ္စည်းတွေရှာဖို့အတွက် ကျွန်တော် ဦးလေးကျူကို ဒုက္ခပေးရဦးမယ်, အားဟန်က သုံးရက်ပဲ အချိန်ရတာ အဲ့ဒါကြောင့် ကျွန်တော် တစ်ယောက်တည်း မလုပ်နိုင်မှာ စိုးမိလို့"
ချင်းကျူက ခေါင်းညိတ်ပြပြီး စာလိပ်အား သာမာန်ကာလျှံကာ ဖွင့်ကြည့်လိုက်သည်။
"ငါက ဘယ်လိုများ သခင်လေးကို ဒီလို ကိစ္စတွေ လုပ်ခိုင်းနိုင်ပါ့မလဲ? ငါ့ကိုပဲလွှဲပေး— ဟွိုင်ယွီက ဘာသဘောလဲဟ?!"
ချင်းကျူရဲ့ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည်။
ယန်ထျန်းဟန်က ကူကယ်ရာမဲ့စွာဖြင့် ပြော၏။
"ကျွန်တော်ပြောချင်တာ အဲ့ဒါလေ"
YOU ARE READING
(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်း
Randomပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာဖောက်ခဲ့သည်။ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက သူ့ကို ထိုးနှက် သတ်ဖြတ်ပြီးမှသာ သူကျူးလွန်ခဲ့သည့် ခ...