Unicode
အခန်း(၃၃၃) - ဆေးလုံးသန့်စင်ခြင်း
မဟာအကြီးအကဲ ဟွိုင်ယွီက ယန်ထျန်းဟန်အား တစ်ချက်စောင်းကြည့်လိုက်ပြီး ဂုဏ်ယူမှုနဲ့ ကျေနပ်အားရမှုတို့က သူ့အကြည့်ထဲတွင် ခပ်ဖျော့ဖျော့ ပေါ်လွင်နေသည်။
"မင်းဆရာက ဆေးလုံးသန့်စင်တဲ့အချိန်မှာ ဆေးလုံးမီးဖိုကို သုံးဖို့မလိုဘူး"
ယန်ထျန်းဟန်က ကြောင်တောင်တောင် ဖြစ်သွားမိသည်။
"အန်? အဂ္ဂီရတ်အတတ်ကို ဆေးလုံးမီးဖို မသုံးပဲနဲ့ ဘယ်လိုမျိုး လေ့ကျင့်လို့ရမှာလဲ?"
"စောင့်ကြည့်စမ်းပါ"
ဟွိုင်ယွီ၏ လက်ချောင်းများက အရှိန်မြန်လာပြီး သူ့ရဲ့ယခင် တစ်ဝက်မှေးမှိတ်ထားသော မျက်လုံးများသည်လည်း လုံးဝပြောင်းလဲသွားတော့လေသည်။ ဟွိုင်ယွီ၏မျက်ခုံးကြားထဲမှ ခရမ်းရောင် မီးအမှတ်အသားတစ်ခု လွင့်ပျံလာပြီး ခရမ်းရောင် မီးတောက်တစ်ခုက သူ့ရှေ့က လေထုပါးပါးထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်ကို ယန်ထျန်းဟန် မြင်လိုက်ရသည်။
ယန်ထျန်ဟန်က "ဝိုး!" ဟုပင် အော်လိုက်မိသည်။
တကယ်တော့ ထိုအရာက ကောင်းကင်နဲ့ ကမ္ဘာမှာ တွေ့ရှိရတဲ့ အရှားပါးဆုံး မီးတောက်တွေထဲက တစ်ခုပဲ!
ယန်ထျန်းဟန်က ထိုထူးခြားသည့် မီးနာမည်ကို မသိပေမယ့်လည်း သူ့စိတ်တစ်ခုလုံး အတွေးများဖြင့် ပျံ့နှံ့သွားသည်ကို မတားဆီးနိုင်။
သောက်ကျိုးနည်း, သောက်ကျိုးနည်း, မဟာအကြီးအကဲ ဟွိုင်ယွီက အရမ်းအင်အားကြီးတာပဲ, သူက ဆေးလုံးသန့်စင်ဖို့အတွက် မီးဖိုတောင် မလိုအပ်ဘူး, သန့်စင်ဖို့အတွက်ကို ဒီအတိုင်း ရှားပါးတဲ့ မီးတောက်ကိုပဲ အသုံးပြုလိုက်တယ်
မဟာအကြီးအကဲ ဟွိုင်ယွီအတွက်ကတော့ သူက ဒီလိုရိုးရှင်းတဲ့ ဆေးလုံးမျိုးကို မျက်လုံးမှိတ်ထားရင်တောင် သန့်စင်လို့ရတယ်ဟု သတ်မှတ်လို့ ရတာကြောင့် စိုးရိမ်ကြောင့်ကြမှု အနည်းငယ်လေးပင် မရှိနေ။ အဲ့ဒီအစား သူဘယ်လို သန့်စင်လဲ ဆိုတာအား ယန်ထျန်းဟန် ရှင်းရှင်းလင်းလင်း ကြည့်စေနိုင်ဖို့အတွက် သူ့အရှိန်ကို လျော့ချပေးလိုက်သည်။
ŞİMDİ OKUDUĞUN
(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်း
Rastgeleပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာဖောက်ခဲ့သည်။ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက သူ့ကို ထိုးနှက် သတ်ဖြတ်ပြီးမှသာ သူကျူးလွန်ခဲ့သည့် ခ...