Epi 1

684 31 0
                                    

(မငိုပါနဲ့ တိမ်စိုင်တွေပြိုနေပြီ)

​ခုံပေါ်ကိုပစ်ချလိုက်တဲ့ဖိုင်တစ်ခု ဒါ ဒီတစ်ခေါက်ထုတ်မယ့်စာအုပ်။
နာမည်လေးကလှတယ်မလား မငိုပါနဲ့ တိမ်စိုင်တွေပြိုနေပြီ တဲ့

သေချာတာပေါ့

"မဖြစ်နိုင်တာ အကုန်လုံးက အဆင်ပြေနေပြီ ပေါင်းလိုက်ပါတော့လား "

sad ending ပဲ

ဒေါသသံတွေလွမ်းမိုးနေသည် ဒါ အမရာ စာအုပ်တစ်အုပ် ထွက်မည့်အချိန်တိုင်း ဝင်နေရသည့် တိုက်ပွဲ

"ဘယ်လိုလုပ်အဆင်ပြေမှာလဲ ဇာတ်လမ်းကိုသေချာမဖတ်ဘူးလား "

အမရာပြန်ပြောသည့်စကားကြောင့် သံစဥ်က အနားကိုလာထိုင်ကာ
စာမူကိုကောက်ကိုင်လိုက်ရင်း

"ဖတ်တယ် ​ရှေ့တစ်ခန်းအထိလေ နင် ကားကို ချောက်ထဲပစ်မချခင်အထိ"

စာရွက်ကိုယူကာ နောက်ဆုံးခန်းကို အမရာ လှန်ပေးလိုက်ရင်း သံစဥ်
လက်ထဲပြန်ထည့်ပေးလိုက်သည်။

"ဒါဆို အဆုံးထိ ဖတ်လိုက်လေ ကားထဲကလူက အသက်ရှင်ဖို့ဆိုတာ
ဖြစ်မှမဖြစ်နိုင်တာ "

သံစဥ် အမရာကို ဘယ်တုန်းကမှ မနိုင်ဖူးပါဘူး အခုလည်း ပြောချင်ရာပြောပြီး ထွက်သွားပြီ သေချာတာတစ်ခုက အခု သံစဥ် သူ့နောက်ထွက်မယ့် ဒီစာအုပ်အတွက်ပြင်ဆင်ပေးရတော့မည်။

"ဘယ်အချိန်ထိ sad ending တွေဘဲရေးနေအုံးမှာလဲ"

ခြေလှမ်းတွေ ရပ်တန့်သွားသည် ဒါပေမယ့် အခုထိ သံစဥ်ကို ကျောခိုင်းထားဆဲ ပြီးရင် စကားတစ်ခွန်းကို ဆိုကာ ထွက်သွားသည်။

"တစ်သက်လုံး "

တစ်သက်လုံးတဲ့ အချစ်ကို ဘယ်တော့မှမယုံကြည်တော့တဲ့ အမရာကို ဘယ်လိုဘဲ နားချပေမယ့် လေကုန်တာဘဲ အဖတ်တင်သည်။
ကြားထဲကလည်း သူ့ထွက်သမျှက အောင်မြင်နေတော့လည်း သူ့ကို ပိုပြီး အားပေးသလိုဖြစ်နေပြန်သည်။

"ငါ မုန်းလိုက်တာနော် … ! "

ဒီကောင်မလေးပိတ်ချလိုက်တဲ့စာအုပ်ကို သိချင်ကြမှာပေါ့ အမှန်ပါပဲ

မငိုပါနဲ့ တိမ်စိုင်တွေပြိုနေပြီ

"ဟဲ့ တိုးတိုးပြောပါ လူတွေကြည့်နေကြပြီ "

Oh, my baby, you're so annoying!Where stories live. Discover now