Epi 2

335 28 0
                                    

"နိုးပြီလား ကလေး လာ မမ ကလေးအကြိုက် ရှမ်းခေါက်ဆွဲလုပ်ပေးထားတယ် "

အိပ်ချင်မူးတူးနဲ့မမနောက်ကျောကိုဖက်ရင်း မှေးနေတဲ့ အမရာကို မမက အနောက်လှည့်ကာ နဖူးပေါ်သို့ အနမ်းခြွေချလေသည်။

"မမ ဒီနေ့ဆေးရုံမသွားဘူးလား "

အမရာ့စကားကြောင့် မမက သဘောကျစွာရယ်ရင်း

"ဒီကလေး အိပ်ချင်မပြေသေးဘူးထင်တယ် ဒီနေ့ မမနားရက်လေ "

အမရာသိပါတယ် ဒါပေမယ့်လည်း နားရက်မှာတောင် တစ်ခါတလေ ဆေးရုံမှာသာနေပြီး စာတွေလုပ်နေခဲ့တာ အမရာကသာ ဆေးရုံကို
လိုက်သွားပြီးတွေ့ရမြဲ အခုကျတော့ အမရာဆီကို အစောကြီး
ရောက်လာသည့်အပြင် မနက်စာပါပြင်ပေးနေသည်။

"မဟုတ်ပါဘူး မယုံနိုင်လို့ ဒါဆို ရှားရှားပါးပါး အမရာနဲ့ ဒီနေ့တစ်နေ့တာ ကုန်ဆုံးရမှာပေါ့ "

အချိန်အကြာကြီး မမ ရင်ခွင်ထဲမှာနေပြီးနောက် မနက်စာစားဖို့ပြင်လေသည်။

"ဒါနဲ့ ကလေး မနက်က ဖုန်းဆက်လာတာ ဘယ်သူလဲ
ကောင်လေးတစ်ယောက် "

ရုပ်တည်ကြီးနဲ့ အမရာကိုကြည့်ကာ မေးလာသည် အမှားမလုပ်ထားတဲ့ အမရာတောင် ကိုယ့်ကိုယ်ကို အပြစ်မကင်းသလိုခံစားရလာသည်။

"ဟမ် "

အမြန်ပင် အနားကဖုန်းကိုကောက်ကိုင်ကာ call history ကိုပြူးပြဲကာရှာကြည့်လိုက်သည်။ ပြီးမှ မမကို ပြုံးပြကာ

"သြော် EC လေ ကျူရှင်လခတောင်းတာ အမရာမေ့နေတာ "

ထိုအခါမှကျေနပ်သွားတဲ့မမက အမရာရေခွက်ထဲရေထည့်ပေးနေသည်။

"ဟုတ်ရဲ့လား သုံးစရာလိုရင်မမကိုပြောနော် "

ယူတောင်မယူရသေးဘူး မမရဲ့လစာတွေက အမရာအပိုင်ဖြစ်နေသည်။ အမရာကယော ပေးတိုင်းယူမည်ထင်လား။

"မလိုပါဘူး မမရဲ့ မေမေလတိုင်းပို့ပေးနေတာ သုံးမကုန်ဘူး "

ဖေဖေဆုံးပြီးနောက် မေမေက နောက်အိမ်ထောင်ကျတော့ အမျိုးသားရှိတဲ့ ဘန်ကောက်မှာသာသွားနေသည် အမရာကို ခေါ်ပေမယ့်လည်း အမရာက မြန်မာနိုင်ငံမှာ သာနေမည်ဟုဆိုသောကြောင့် မေမေက လတိုင်း အသုံးစရိတ်ပို့ပေးနေခြင်း။

Oh, my baby, you're so annoying!Where stories live. Discover now