Epi 24

421 27 1
                                    

ယိုယွင်းနေတဲ့ရာသီဥတုအခြေအနေကြောင့် မြူတွေဆိုင်းနေသည့်မနက်ခင်းဟာ ပုံမှန်ထက်ပို၍အေးစိမ့်နေသည်။ ဒီရက်တွေထဲ မကြာမကြာကိုက်တတ်လာသည့် ခေါင်းကြောင့် ကြယ်စင့်အိပ်ချိန်ဟာ နည်းသထက်နည်းလာသည်။ လက်ထဲက နောက်ဆုံးကျန်တဲ့အကိုက်အခဲပျောက်ဆေးကိုအတန်ကြာငေးရင်း သက်ပြင်းကိုချမိသည်။ အကိုက်အခဲပျောက်ဆေးတွေကလည်း ကြယ်စင့်အပေါ်မတိုးတော့ပုံ ဆေးအဖွဲ့အမြန်လာသင့်နေပြီ ကြယ်စင်တို့အဖွဲ့မှာ ဆေးတွေပြတ်နေပြီဖြစ်ပြီး အခုထိ နလန်မထူနိုင်သေးသည့် လူနာတွေကရှိနေသေးသည်။ ဒီလိုအချိန်မှာ ကြယ်စင်ကပါ လဲသွားလို့ကတော့ အကုန်လုံး ပျာယာခတ်ကုန်မှာသေချာတယ်။

"အမရာ မနက်အစောကြီး ဘယ်ကပြန်လာတာလဲ"

ကြယ်စင်တို့အဖွဲ့ကဒီလိုခရီးတွေ အမြဲထွက်နေကျဆိုတာ မှန်ပါတယ်။ အမရာ ကြယ်စင်တို့နောက်ကိုလိုက်မယ်ပြောတုန်းက ကြယ်စင်အပြင်းအထန်တားခဲ့သေးသည်ကိုလည်း မှတ်မိသေးသည်။ ကြယ်စင်တို့က အပျော်ခရီးသွားနေတာမှမဟုတ်ပဲ တကယ့်ကြမ်းတမ်းပြီးခေါင်တဲ့နေရာတွေကိုသွားတာ။ တစ်ချို့နေရာတွေဆို အခုထိ အသိပညာတွေနည်းပါးပြီး ကျန်းမာရေးဗဟုသုတတွေတောင်ရှိကြတာမဟုတ်တဲ့နေရာတွေလေ။ ဒီလိုနေရာတွေက အမရာနဲ့ဘယ်လိုမှမအပ်စပ်တဲ့အပြင် ခံနိုင်ရည်မရှိမှာကိုလည်း ကြယ်စင်တင်မက တစ်ဖွဲ့သားလုံးကပါစိုးရိမ်ခဲ့ကြပေမယ့် အထင်တွေက တောက်တောက်စင်အောင်လွဲနေသည်။ အခု အမရာက ကြယ်စင်တို့အဖွဲ့ထဲမှာ ဒေါင်ဒေါင်အမြည်ဆုံးဖြစ်နေတာ။ သေချာကြည့်မယ်ဆို တစ်ဖွဲ့သားလုံးက ပင်ပန်းအားလျော့နေပြီး မထနိုင်တော့ပဲ အိပ်ရာထဲလှဲနေရတဲ့သူတွေချည်း။ အမရာက တစ်ချက်မှမညည်းညူပဲ အခုတောင်မှ နေရာမှာအသာမနေပဲ မနက်အစောကြီးသူရောက်နေတဲ့နေရာကို အသေအချာလှည့်ပတ်ကြည့်ရှုပြီးပြီမှန်းအသိသာကြီးပင်။

"နေလို့မကောင်းဘူးလား"

ကြယ်စင့်အမေးကိုမဖြေပဲ သူသိလိုရာသာမေးပြီးအနားရောက်လာတဲ့အမရာကို စကားနိုင်လုဖို့ အားပင် ကြယ်စင်မရှိတော့ချေ။ စိတ်အပြောင်းအလဲဖြစ်အောင်အပြင်ထွက်လာပေမယ့် လူကမနေနိုင်တော့တာ အသိသာကြီး။

Oh, my baby, you're so annoying!Where stories live. Discover now