"ကြယ်စင် အမှားတွေအတွက် သွန်းကဘဲ ကြားကနေတောင်းပန်ပါတယ် "
အဖြစ်အပျက်တွေအားလုံးရဲ့တရားခံဖြစ်တဲ့ကြယ်စင်ဆီကနေကြားရခဲလှတဲ့တောင်းပန်စကားက အဖြစ်အပျက်နဲ့မဆိုင်သည့် ကြယ်စင်၏အမေနှင့်
ကြယ်စင်၏သူငယ်ချင်းဖြစ်သူထံတွင် တောင်းပန်စကားကိုပေါပေါသီသီ
ကြားရသည်။"စိတ်ထဲမထားပါနဲ့တော့ သူလဲ အစအဆုံးတာဝန်ယူပေးခဲ့တာဘဲ "
ကျောက်ပတ်တီးဖြည်ပြီးသွားသည့်ခံစားချက်သည်ဘာနှင့်မျှမတူအတော့်ကိုလွှတ်လပ်ပေါ့ပါးလှသည်။ အမှီအခိုအဖြစ်မဖြစ်မနေအသုံးပြုနေရသည့် ချိုင်းထောက်ကိုမလိုတော့လို့နှုတ်ဆက်လိုက်ရသည့်အခါတွင်လည်း အနေအထိုင်ခက်ခဲမှုကြောင့်အမြဲရှုပ်ထွေးနေသည့်အမရာ၏စိတ်သည်
အတော့်ကိုကြည်လင်လာသလို။"ကလေး "
ဤအသံနှင့်အတူရင်မှဖြစ်တည်လာတဲ့အတော့်ကိုနာကျင်ဝမ်းနည်းကြောက်ရွံ့သည့်ခံစားချက်ပေါင်းစုံသည် အတွေးထဲအေးခနဲစိမ့်ဝင်ကာဖြတ်ပြေးသည်။ ခေါ်သံကြောင့်ရပ်တန့်လိုက်တဲ့အမရာ့ခြေလှမ်းများသည်ဒီနာမ်စားသည်အမရာအားကိုယ်စားပြုသည်ကိုသက်သေပြလိုက်သည့်နှယ်။ တဖန်အနားကသွန်းသည်လည်းငြိမ်သက်သွားသည့်အမရာကြောင့်အနောက်သို့လှည့်ကြည့်ရန်ပြင်ပေမယ့် တုန်ရင်နေတဲ့လက်တစ်ဖက်သည် သွန်းအားလာရောက်ဆုပ်ကိုင်သည်။
"… အနောက်ကို… လှည့်မကြည့်နဲ့ တောင်းပန်ပါတယ် "
တုန်လှုပ်နေသည့်အမရာ၏ပုံရိပ်သည်သွန်း၏စိုးရိမ်စိတ်ကိုမြင့်တက်စေသည်။ အရည်လဲ့နေတဲ့မျက်ဝန်းတစ်စုံ ကူကယ်ရာမဲ့နေတဲ့အကြည့်တွေနဲ့ဆုံမိသည့်အခါ အမရာ၏လက်ကိုပိုလို့ဆုပ်ကိုင်ပေးမိသည်။ အမရာတောင်းဆိုတဲ့အတိုင်းအနောက်ကိုလှည့်မကြည့်ပဲအမရာ့လက်ကိုဆွဲလို့အရှေ့ကိုပဲလျှောက်ကာအမရာကြောက်ရွံ့နေတဲ့ထိုနေရာမှအမရာ့ကိုခေါ်ထုတ်ခဲ့သည်။
ကြိုဆိုမည့်သူမည်သူမျှမရှိအမှောင်ချထားသည့်နေရာသည်အေးတိအေးစက်ထိုအိမ်ထဲရောက်သည်နှင့်အမရာသည်ပြိုလဲကျသွားမည်ဖြစ်သည်ကိုစိတ်ထဲတွင်အတပ်သိသည်။ လေးပင်လှသည့်ခြေလှမ်းများကိုအားကုန်ထည့်လို့အိမ်တံခါးကိုဖွင့်သည်။
YOU ARE READING
Oh, my baby, you're so annoying!
Short Story"ကျွန်မက ရှင့်မှတ်ဉာဏ်တွေထဲမှာ အချိန်အကြာကြီးရှင်သန်သွားချင်တာ"