Epi 21

568 22 1
                                    

ပုံမှန်အတိုင်း ငြီးငွေ့ဖွယ် မနက်ခင်း တသမတ်တည်းသွားနေတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ အဆုံးမှာအသိစိတ်လွတ်သွားခဲ့သလားမသိ။ အသစ်ပြောင်းလာတဲ့အထက်လူကြီးဖြစ်တဲ့ကိုယ့်ကိုကြိုဆိုတဲ့အထိမ်းအမှတ်နဲ့ကျင်းပတဲ့ညစာစားပွဲမှာ ညတစ်ညရဲ့အလယ်ပိုင်းလောက်ထိက လာရောက်မိတ်ဆက်သူ‌တွေကိုပြန်လည်နှုတ်ဆက်ရင်းအချိန်ကုန်သွားခဲ့ပြီး ပုံမှန်သူတွေထက်တောင်မှ မသောက်နိုင်တဲ့ကိုယ်က အသိစိတ်တွေပုံမှန်မဟုတ်တော့ဘူးဆိုတာကိုယ်တိုင်လည်း ရိပ်မိလာတော့  အမူးပြေလိုပြေငြား လေကောင်းလေသန့်ရမယ့် တစ်နေရာမှာတစ်ခဏလောက် တစ်ယောက်တည်းရှိနေဖို့တွေးမိကာ လူလစ်တုန်းလေး အပြင်ထွက်လမ်းလျှောက်ပြီးနောက် တိတ်ဆိတ်မှုနဲ့နေသားကျလာပြီး ဆူညံသံတွေရှိရာဆီကိုပြန်မသွားချင်တော့။ ပလက်ဖောင်းပေါ်မှာထိုင်ရင်းမီးရောင်စုံနဲ့လိုရာခရီးသွားနေကြသည့် ကားရောင်စုံများကို အကြောင်းမဲ့ငေးကြည့်နေမိသည်မှာ အတန်ကြာ။ 

အိတ်ကပ်ထဲကထမြည်လာတဲ့ဖုန်းသံကြောင့် အတွေးစများကိုဖြတ်ကာ ဖုန်းကိုကိုင်လိုက်သည်။

"မမ"

ဤနာမ်စားကြောင့် မျက်ရည်စများကအလိုက်သတိကျဆင်းသည်။

"အွန်း"

ခပ်တိုးတိုးထူးလိုက်တဲ့အသံလေးအဆုံးမှာ ခုတင်ကိုမှီထားတဲ့ကျောဟာခပ်ဖြေးဖြေးလေးမတ်လိုက်မိသလို လက်ထဲကဖတ်လက်စစာအုပ်လေးကိုလည်း အကြောင်းရင်းမဲ့အားကိုးတကြီးနဲ့မသိမသာဆုပ်ကိုင်မိသည်။

"မမ အပြင်မှာလား"

နားထဲတိုးဝင်လာတဲ့ ကားသံတွေကြောင့် မေးလိုက်တဲ့မေးခွန်းဆိုပေမယ့် တကယ်တမ်း မမရဲ့အသံအနေအထားကြောင့် မေးချင်မိတဲ့မေးခွန်းက "မမ မူးနေတာလား" ပင်ဖြစ်သည်။

တဖက်ဆီက မမရဲ့ရယ်သံဟုလည်းမဆိုသာသည့် ခပ်အက်အက်ရယ်သံလေးထွက်ကျလာသည်။

"အွန်း ညစာစားပွဲရှိလို့"

နာရီကိုကြည့်မိသည် 10 နာရီခန့်ရှိပြီ။ မမရဲ့အသံအနေအထားကလည်း ကောင်းမနေတာကို အသေအချာကြီး သတိထားမိသည်။ အမြန်ပင် စာအုပ်ကိုခုံပေါ်တင်ကာ ခုတင်ပေါ်ကဆင်းပြီး ခုတင်ခြေရင်းက အပေါ်ဝတ်ကိုယူပြီး အခန်းပြင်ထွက်ဖို့ပြင်သည်။

Oh, my baby, you're so annoying!Where stories live. Discover now