Epi 19

307 26 0
                                    

"ဘယ်အချိန်ထိ ဒီကလေးကြောင့် သမီးဘဝတက်လမ်းကိုဖျက်စီးခံနေအုံးမှာလဲ"

"မား"

"ပါးလည်း အတူတူပဲတွေးတယ် သမီး ဒီကလေးနဲ့ကတော့မဖြစ်ဘူး"

"မားပြောခဲ့တယ်မဟုတ်လား ဒီကလေးကတော့မဖြစ်ပါဘူးလို့ အောင်နဲ့သာဆိုရင် … "

မားတို့က အောင့်ကို သိပ်သဘောကျကြတာပဲ။ ထားမြတ်နိုးရတဲ့ အမရာလေးကိုကျတော့ ဘယ်အချိန်မှာ ဘယ်လိုအခြေအနေမှာ ဘယ်လိုအကြောင်းပြချက်နဲ့ ထားအနားကဆွဲထုတ်ရမလဲဆိုတာကိုပဲ အမြဲခေါင်းထဲမှာတွေးနေတတ်ကြတာမျိုး။

"မား သမီးနားတော့မယ် ပြီးတော့ သမီးမရှိတုန်း အမရာကိုသွားပြီးတွေ့ဖို့
မကြိုးစားနဲ့"

အသက်မပါလာတဲ့စကားသံအဆုံးမှာ မားတို့၏အကြည့်တွေဘယ်လိုရှိနေမလဲ ထားဂရုမထားတော့ဘူး။ မျက်နှာကိုလွဲပြီး ကိုယ်ကိုစောင်းကို မျက်လုံးအစုံကိုမှိတ်လိုက်သည်။ ကောင်းနေတဲ့နားကြောင့် မားနဲ့ပါးတို့နှစ်ယောက်လုံးထံမှသက်ပြင်းချသံကိုကြားဖြစ်အောင်ကြားလိုက်ရသေးသည်။

"နိုင်ငံခြားသွားရမယ့်အခွင့်အရေးကိုလည်းလက်လွတ်ခဲ့ပြီးပြီ အခု
တစ်ဘဝလုံးရူးသွပ်ခဲ့တဲ့ ဆရာဝန်အလုပ်ကိုပါ လက်လွတ်ရတော့မှာ ဒါတောင်မှ ဒီကလေးကိုကာကွယ်ပေးနေတုန်းပဲလား"

အခန်းထဲမှ မားတို့ထွက်သွားတာနဲ့ ထားရဲ့မျက်လုံးများသည်ဖြေးညင်းစွာပွင့်လာကာ ပတ်တီးတွေနဲ့ရှိနေတဲ့လက်ကို အစဉ်တစိုက်အတန်ကြာငေးကြည့်နေမိသည်။

ပါးပြောတဲ့စကားတွေဟာ ထားတွေးကြည့်ရင် ဒါဟာ အမှားတွေပါ။ ပါးတို့က ထားကို နားမလည်ပါဘူး။ ဒီဆရာဝန်အလုပ်ဟာ ထားရွေးချယ်ခဲ့တာမှမဟုတ်ပဲ။ ပါးနဲ့မားတို့ နှစ်ယောက်လုံးရဲ့မျိုးရိုးက ဆရာဝန်မျိုးရိုးတွေ။ ထား ငယ်ငယ်ကတည်းက ဖိုးဖိုးနဲ့ဖွားဖွားအနားမှာနေရတိုင်း ထား ထိတွေ့မြင်‌တွေ့ခဲ့ရတာတွေက အပ်နဲ့ဆေးမြစ်တွေ။ ပါးနဲ့မားတို့နားမှာရှိတိုင်း မြင်ရတာက ထူထဲနေတဲ့ ဆေးစာအုပ်တွေ။ ကြီးလာတဲ့အခါမှာ ထားရွေးစရာက နှစ်ခုတည်းရှိတယ် တရုတ်တိုင်းရင်းဆေးနဲ့ အနောက်တိုင်းဆေးပညာ။

Oh, my baby, you're so annoying!Where stories live. Discover now