ရွာသွန်းထားတဲ့မိုးအခြေအနေကြောင့် မြေသင်းနံ့များကနှာခေါင်းဝသို့တိုးဝင်လာသည့်အခါ အမရာသည် သဘောကျစွာဖြင့်နှုတ်ခမ်းအနားလေးကိုတွန့်ချိုးမိသည်။ အနားကကော်ဖီခွက်ကိုယူရင်း လောလောလတ်လတ်မှဖျော်ထားသည့် ကော်ဖီ၏ရနံ့ကိုရှူသွင်းကာ တစ်ငုံခန့်သောက်ပြီး အရသာခံသည်။ အရာရာဟာ အမရာလိုချင်သည့်အတိုင်းကွက်တိဖြစ်နေသည့်အခါ အလွန့်ကိုမှပင်သဘောကျချင်စဖွယ်ကောင်းလှသည်။ ဆွဲလက်စခဲပန်းချီကိုဆက်ဆွဲရန် ခဲတံကိုကိုင်လိုက်သည်နှင့် အမရာအရှေ့သို့ရောက်လာသူမှာ ကြယ်စင်။
အနားသို့တစ်စုံယောက်ရောက်လာသည်ဆိုသည့်အသိကြောင့် အလိုအလျောက်မော့ကြည့်မိသည့်အခါ အမရာအားကြည့်နေသည့် ကြယ်စင်နှင့်မျက်လုံးချင်းဆုံသည်။ ကြယ်စင်သည် အမရာ့ နံဘေးကနေရာလွတ်တွင် အသာဝင်ထိုင်ပြီး ဆိုင်ထဲသို့ တစ်စတစ်စဝင်လာသော ဧည့်သည်တွေကိုကြည့်ရင်း ရင်အစုံကခုန်ပေါက်နေသည်။
"အမရာ ရှင် ကျွန်မကို ဂျင်းထည့်တာတော့မဟုတ်ပါဘူးနော်"
"ရှင် ဒါသာ နောက်နေတာဆိုရင် တော်တော်များသွားပြီနော်"
အမရာ့ကိုပင်မကြည့်ပဲပြောလာသည့်စကားလုံးများကို အမရာသည် အာရုံမထား ဆွဲလက်စခဲပန်းချီတွင်သာ အာရုံအလုံးစုံကိုစူးစိုက်နေသည့်အခါ ကြယ်စင်သည် တုံ့ပြန်မှုမရှိသည့် ဘေးကသူကိုကြည့်ပြီး ထိုသူ၏မျက်နှာကို အသာအုပ်ကိုင်ကာ အကြည့်ချင်းဆုံစေသည်။
"အမရာ ဘယ်တွေအာရုံရောက်နေတာလဲ ရှင်ကျွန်မကိုကြည့်"
စိုးရိမ်စိတ်တွေအတိုင်းသားပေါ်နေတဲ့သူ့မျက်ဝန်းနဲ့ဆုံမိသည့်အခါ အမရာသည် အသာပြုံးလိုက်ပြီး အမရာလည်းလက်ထဲကခံတံနဲ့စာအုပ်ကိုပေါင်ပေါ်တင်ရင်း ကြယ်စင်နည်းတူ ကြယ်စင့်ပါးကလေးကိုအုပ်ကိုင်ကာ ထိုကလေးအားစိတ်သက်သာရာရစေမည့်စကားလုံးများကိုနှုတ်မှထွက်ရန်ပြင်သည်။
"စိတ်မပူပါနဲ့ ကြယ်ကလေးရဲ့ သူရောက်နေပါပြီ"
စကားဆုံးတာနဲ့ ကြယ်စင်သည် အမရာ့လက်မှရုန်းကာ ကော်ဖီဆိုင်အနှံ့ကိုအကြည့်ပို့ကာ တစ်စုံတစ်ခုကိုအပြင်းအထန်ရှာဖွေသည်။ ထို့နောက် အမရာ့ထံသို့အကြည့်စူးစူးကကျရောက်လာသည်။
YOU ARE READING
Oh, my baby, you're so annoying!
Short Story"ကျွန်မက ရှင့်မှတ်ဉာဏ်တွေထဲမှာ အချိန်အကြာကြီးရှင်သန်သွားချင်တာ"