Epi 6

267 27 0
                                    

"ကြယ်စင် နင့်ကြည့်ရတာမျက်စိနှောက်လိုက်တာ ဘာဖြစ်နေတာလဲ "

ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း အငြိမ်မနေလှသည့်ကြယ်စင့်ကို
ကြည့်ရင်း အမြင်ကတ်စွာပြောလာသည့် သိမ့်စကားကိုကြယ်စင်
နားထဲမသွင်းအား

"ငါ အိမ်ခဏပြန်မှဖြစ်မယ် "

‌ဆိုင်အတွင်း‌မှပြေးထွက်သွားသည့်ကြယ်စင်ကိုကြည့်ရင်း သိမ့်နှင့်သွန်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မေးခွန်းများစွာဖြင့်မျက်ဝန်းချင်းဆုံရင်းကျန်ခဲ့ကြသည်။

စိတ်ထဲလေးလံနေသည့်ကြယ်စင်တစ်ယောက် အလောတကြီးဖြင့်
ခြံထဲသို့ရောက်လာသည်။
smile ရဲ့အသံကိုကြားသည်။ အသံလာရာကြယ်စင်အမြန်ပြေးသည်။ ပိတ်ထားသည့်ရေချိုးခန်းတံခါးကိုကုတ်ရင်းအသံတစာစာပြုနေသည့် smile သည် ကြယ်စင့်ကိုမြင်သည်နှင့်
အနားသို့ပြေးလာကာ တတ်စွမ်းသမျှအသံပြုရင်း ကြယ်စင့်အားတစ်စုံတစ်ရာပြောနေသည်။

ခေါင်းထဲတွင်ဘာမှမတွေးမိ စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ထားပြီး စဉ်းစားသည်။ သော့အပို အခန်းထဲကအံဆွဲတွေအနှံ့မွှေသည်
နံရံတွေမှာချိတ်ထားသည့်သော့များရှိမလား လှည့်ပတ်ရှာဖွေသည်။ smile ၏အကူအညီဖြင့် သော့တွေ့သွားသည့်အခါ
ကြယ်စင့်လက်များကတုန်ရီနေသလို ချွေးစေးများကလည်း
နဖူးထက်မှစီးကျနေပြီ။

အမရာ အမရာ မြတ်အမရာ! ဟူ၍သာ စိတ်ထဲမှကျယ်လောင်စွာ
အော်ရင်း တံခါးကိုဖွင့်သည်။

ဖွင့်ထားသည့်ရေသည် Bathtub ထဲမှာပြည့်လျှံလို့အပြင်ကိုပင်
စီးကျနေပြီဖြစ်သလို အမရာသည်လည်း နစ်မြုပ်နေပြီ။
ကြယ်စင်အမြန်ပြေးကာ အမရာရဲ့ကော်လံကို ငြင်သာခြင်းမရှိ
အလောတကြီးဆွဲကာထူပစ်လိုက်သည့်အခါ ရေမွန်းနေသည့်
အမရာသည် အသက်ကိုမနည်းရှူသွင်းရှူထုတ်လုပ်နေသည်။
ကြယ်စင်သည်ဆုပ်ကိုင်ထားသည့်အမရာ့အင်္ကျီ‌ကော်လံကို
ဒေါသတကြီးဖြင့်ဆုပ်ကိုင်ရင်း လှုပ်ယမ်းသည်။

"အမရာ ! အမရာ ! ရှင် ဘာလုပ်နေတာလဲ ! "

ဒေါသထွက်လွန်းလို့ငြင်သာမှုမရှိတဲ့ကြယ်စင့်မျက်ဝန်းတွေကို
အမရာကနာကျင်နေတဲ့မျက်ဝန်းတွေနဲ့ပြန်လို့ကြည့်သည်။

Oh, my baby, you're so annoying!Where stories live. Discover now