Epi 5

280 27 0
                                    

"ရှင် ဘာလိုအပ်လဲ "

"အိမ်ပြန်ချင်တယ် "

မဆိုင်းမတွဖြေလိုက်တဲ့အမရာရဲ့အဖြေစကားကြောင့် ဖုန်းထဲမှနားချစကားသံများကအဆက်မပြတ်ထွက်လာသလို မလှမ်းမကမ်းမှာစာထိုင်ဖတ်နေတဲ့ ကြယ်စင်၏သူငယ်ချင်းဆိုသူကလည်း အမရာအားမသိမသာလှမ်းလို့ကြည့်လာသည်။
အိမ်ပြန်မရမယ့်အတူတူဘာကြောင့်များနားငြီးခံပြီး
ထိုကြက်တူရွေးမလေးရဲ့စကားကိုအဖတ်လုပ်နားထောင်ရမည်နည်း။
တစ်ဖက်မှအဆက်မပြတ်‌ပြောနေသည့်သူကိုအမရာသည်ဝတ်ကျေတမ်းကျေပင်ဟန်မဆောင်ပေးနိုင်ပဲဖုန်းကိုပိတ်ချလိုက်သည်။

ရေငတ်သလိုလိုရှိတဲ့အမရာအကြောင်းသိသည့် သွန်းသည် ရေခွက်ထဲ
ရေထည့်ကာအမရာထံ‌ကမ်း‌ပေးလာသည်။ အမရာသည် ခေတ္တ‌မျှကြောင်ကြည့်မိသည်။ ကြယ်စင်သာဆိုရင်လည်းဒီလိုပဲအမရာလှုပ်လှုပ်ရှားရှားဖြစ်လာတာနဲ့အမရာဘာလိုသလဲတန်းသိသည်။
သို့ပေမယ့် ကြယ်စင်ကတော့ သွန်းလိုမဟုတ် ပါးစပ်ကပွစိပွစိနဲ့
ရေပတ်မဝင်အောင်ပြောပြီးမှ အမရာအလိုရှိရာကိုလုပ်ပေးသည်။

"​ကျေးဇူး "

"ရပါတယ် ကြယ်စင် အကူအညီတောင်းထားတာဘဲ "

အမရာနဲ့သွန်းသည်အတော်မျှမရင်းနှီးလှချေ။
အချိန်မကြာသေးလို့ဆိုတာထက် ကြယ်စင်နဲ့ကစတွေ့တာနဲ့
ရန်တကျက်ကျက်ဖြစ်ပြီးမသိလျှင်နှစ်ပေါင်းများစွာခင်နေလို့
ပြောမနာဆိုမနာအတိုင်းဖြစ်နေသည်မဟုတ်လား။
သွန်းနှင့်က သည်လိုမဟုတ်ချေ။ သူလည်းတိတ်ဆိတ်သည်
အမရာလည်းတိတ်ဆိတ်သည်။
တိတ်ဆိတ်ခြင်းကိုသဘောကျသည်ဆိုပေမယ့် ကြယ်စင်နှင့်နေတာကြာလာတော့လည်း တိတ်ဆိတ်ခြင်းကိုအမရာနေသားမကျလှ။

"ဒါနဲ့ သွန်းနဲ့နေရတာ အဆင်မပြေလို့လား "

အတွေးတွေနဲ့ငြိမ်သက်နေတဲ့အမရာကိုမျက်ခုံးလေးပင့်ကာ
မေးလာတဲ့သွန်းကြောင့် အမရာအတွေးစကိုဖြတ်ကာ သွန်းကို
ငေးကြည့်မိပြန်သည်။

"မဟုတ်ပါဘူး ဆေးရုံကိုမကြိုက်လို့ပါ "

ယုံမလား မယုံဘူးလားတော့မသိပေမယ့် အမရာတစ်ယောက်တော့
ထိုသို့သာဖြေရင်း တစ်ခုခုကိုဆုံးဖြတ်ချက်ချလိုက်လေပြီ။

Oh, my baby, you're so annoying!Dove le storie prendono vita. Scoprilo ora