Epi 20

402 21 2
                                    

တကျည်ကျည် တကျက်ကျက် ရန်ဖြစ်စကားများနေတဲ့သူနှစ်ဦး တစ်ယောက်အနားတစ်ယောက် ရှိမနေတော့ရင် ခံစားချက်တွေဟာ ဘယ်လိုတွေဖြစ်ကုန်သလဲ။ တခြားသူတော့ မသိ ကြယ်စင်ကတော့ စိတ်အစုံဟာ လမ်းစပျောက်တော့တာပါပဲ။

"ကြယ်စင် ကြယ်စင်!"

ဦးတည်ရာမရှိလွင့်နေတဲ့စိတ်အစုံသည် သိမ့်၏အော်သံ‌ရဲ့လွမ်းမိုးခံရမှုအဆုံးမှာ ခန္ဓာသို့ပြန်ကပ်လာပြီး ဘေးကသူအားကြည့်မိသည့်အခါ မျက်ထောင့်ကြီးဖြင့်အကြည့်ချင်းဆုံနေသည့် သိမ့်ကိုမြင်ရသည်။

"ဟင် ဘာလဲ"

"ဘယ်တွေအာရုံရောက်နေတာလဲ"

"ဘယ်မှမရောက်ပါဘူး"

အဖြေကိုသဘောမကျလှတဲ့သိမ့်ကတော့ စာရင်းစာအုပ်ကိုပြန်လည်စိုက်ကြည့်ပြီး သူ့အလုပ်သူပြန်လုပ်နေသည်ဆိုပေမယ့် ပါးစပ်ကတော့ပိတ်မနေ။

"နင်နော် ကြပ်ကြပ်သတိထားနေ ငါ့သူဌေးမလို့မပြောပဲနေနေတာ ငါသာ နင့်အလုပ်ရှင်ဆို ငါနင့်ကိုဖြုတ်လိုက်ပြီ"

ပြောရင်းနှင့်ပင် အလိုမကျလာသည့် သိမ့်သည် လက်ထဲက ဘောပင်ကို ချလိုက်ပြီးမျက်မှန်ကိုအားနဲ့ဆွဲချွတ်ကာ ကြယ်စင်အား စိတ်ပျက်လက်ပျက်နှင့်ကြည့်လာရင်းနှင့်ပင် ဆူပူလေပြီ။

"နင် အလုပ်ကိုဘယ်လိုတွေလုပ်နေတာလဲ အရာအားလုံးမေ့မေ့လျော့လျော့ချည်း"

"ဟာ တစ်ခါတစ်လေလေး"

"ဘာတစ်ခါတစ်လေလဲ ငါမပြောချင်ဘူးနော်"

ဟုတ်သည် ကြယ်စင်၏ကျေးဇူးကြောင့် လချုပ်စာရင်းတွေက အလွဲလွဲအမှားမှားဖြစ်နေသလို ပစ္စည်းတွေလည်း ထပ်မှာမိလို့ ဂိုဒေါင်ထဲမှာ ပုံနေပြီ။ အရင်ကသေးသေးလေးတွေမေ့လျော့တတ်ပေမယ့် ကိစ္စကြီးကြီးမားမားဆို အမှားတစ်စက်ကလေးမှအပါမခံသည့် သူက ဒီနောက်ပိုင်းမှာ အမှားများနေတာမို့ သိမ့်ကအနောက်ကလိုက်လိုက်ပြန်စစ်နေရသည်။ ပြီးတော့ ဒီရက်ပိုင်း တမှိုင်မှိုင်တတွေတွေနဲ့ကြယ်စင်ကိုကြည့်ပြီး သိမ့်လည်း သိပ်သဘောမတွေ့လှချေ။ ကြယ်စင်က အဲ့လိုလူမျိုးမှ မဟုတ်တာပဲ။ ငယ်ငယ်ကတည်းကပေါင်းလာတဲ့ သိမ့် သိတာပေါ့။ ကြယ်စင်က ဒီလို မှိုင်တွေနေမယ့် သူမှမဟုတ်တာ။

Oh, my baby, you're so annoying!Donde viven las historias. Descúbrelo ahora