Epi 23

241 20 2
                                    

"အန်တီမြတ်ကဘာလို့အိမ်ရောက်လာတာလဲ"

ခြံဝန်းထဲမှာ မေမေနဲအတူရှိနေတဲ့သူကြောင့် သွန်းတစ်ယောက် ရင်တထိတ်ထိတ်နဲ့ဖြစ်နေရသည်။ နာရီကိုကြည့်လိုက်တော့ ဖေဖေအလုပ်သွားတဲ့အချိန်ကိုရောက်နေပြီပဲ ဒါဖြင့် ထိန်းပေးမယ့်ဖေဖေမရှိနေလို့ မေမေက အန်တီမြတ်နဲ့ ဒီလို စကားများနေနိုင်တာပေါ့။

"အသိတွေလား"

"ဟုတ်တယ် မေမေနဲ့တော့ ကောင်းတဲ့ဆက်ဆံရေးရှိမနေဘူး"

ဒေါက်တာ့အမေးကိုဖြေနေရင်းနှင့်ပင် ထိုင်ခုံခါးပတ်ကိုဖြုတ်လိုက်ပြီး ကားပေါ်ကအမြန်ဆင်းကာ မေမေတို့ဆီသွားရတော့သည်။

"အန်တီမြတ် မတွေ့တာကြာပြီနော် ဒီကို ဘယ်လိုလုပ်…"

သွန်း၏စကားမဆုံးသေးခင်မှာပင် အန်တီမြတ်သည် သွန်းကိုမြင်သည်နှင့် ကားထဲမှပစ္စည်းထုပ်များကိုအပြင်ထုတ်နေသည့် သွန်းအနောက်က ဒေါက်တာ့ကိုကြည့်ရင်း

"ဟော ရှင့်သမီးတောင်ပြန်ရောက်လာပြီပဲ အဲ့ဒီမမြင်ဖူးတဲ့မျက်နှာက အခုလေးတင် ရှင်သိပ်ကိုကြွားဝါနေတဲ့ ရှင့်ချွေးမလေးဆိုတာလား"

အန်တီမြတ်ရဲ့စကားကြောင့် သွန်းရဲ့တအံ့တသြအကြည့်တွေက မေမေ့ဆီရောက်သွားသည်။

"ဘယ်လို? မေမေဘာတွေလုပ်နေတာလဲ!?"

သွန်းရဲ့အံ့သြမှုနဲ့ မေမေရဲ့ဒေါသတကြီး စိုက်ကြည့်နေတဲ့အကြည့်တွေကြောင့် အန်တီမြတ်သည် ရယ်သည်။ မေမေ့ကိုကြည့်ပြီးရယ်လိုက်တဲ့အန်တီမြတ်ရဲ့ရယ်သံတွေကို သွန်းသဘောမကျချေ။ ထိုရယ်သံတွေမှာ လှောင်ရယ်သံတွေဖြစ်မှန်း သွန်းအတိုင်းသားသိသည်။

"ဟော ရှင့်သမီးတောင်ဒီကိစ္စမှာ အံ့သြကျန်နေခဲ့တာပါလား"

သွန်းတစ်ခုခုကိုပြောမည်ကြံတုန်းမှာပင် ခြံထဲသို့ တစ်စုံတစ်ယောက်ပြေးဝင်လာသည်။

"သွန်း… မေမေဘာတွေလျှောက်လုပ်နေတာလဲ ဒေါ်ဒေါ်  ဖြစ်ပျက်သွားတဲ့ကိစ္စတွေအကုန်လုံး ကျွန်တော်ကပဲတောင်းပန်ပါတယ်ဗျာ ကျွန်တော်တို့ကိုသွားခွင့်ပြုပါအုံး"

Oh, my baby, you're so annoying!Tempat cerita menjadi hidup. Temukan sekarang