"ထား ခွင့်ယူထားတယ်ဆို နေမကောင်းလို့လား"
ရုံးခန်းထဲကိုအလောတကြီးဝင်လာပြီး ထားကိုစိုးရိမ်တကြီးကြည့်ကာမေးလာသည့်အမေးကို ထားသည်ပစ္စည်းတွေသိမ်းနေရင်းနှင့်ပင် အောင်အားပြုံးကာ ကြည့်ပြီး အဖြေပေးလိုက်သည်။
"မဟုတ်ဘူး ငါအဆင်သင့်ဖြစ်ပြီ အဲ့တာကြောင့် ငါ အမရာ့ကိုလက်ထပ်ခွင့်တောင်းတော့မို့"
ထားဟာ စကားဝိုင်းမှာဖြစ်ဖြစ် သူ့တစ်ကိုယ်တည်းအတွေးမှာဖြစ်ဖြစ်
အမရာ့အကြောင်းသေးသေးလေးပါဝင်လာရင်တောင်မှ အပြုံးတွေကသိပ်ကိုအသက်ဝင်တာပဲ။ အဲ့ဒီအပြုံးတွေကိုအောင်သိပ်သဘောကျပေမယ့် အပြုံးတွေဖြစ်တည်လာတဲ့အရင်းခံကိုတော့မနာလိုစိတ်အမြဲဝင်မိသည်။ ထား၏မျက်နှာထက်ကအပြုံးတွေကိုတော့မပျက်ပြယ်စေလိုပါ။ ဒါပေမယ့်လည်း အောင်သည် ထားအတွက်မပျော်ပေးနိုင်တာဟာလည်း အမှန်။ပျက်ယွင်းသွားတဲ့မျက်နှာအနေအထားကိုအမြန်ပြန်ထိန်းရင်းစိတ်ကိုအေးအေးထားကာ ထားကိုအလေးအနက်ကြည့်သည်။
"ထား ငါစဉ်းစားခိုင်းထားတာ"
ဘာကိုဆိုလိုနေလဲကောင်းကောင်းကြီးသိသည့်ထားကတော့ အောင့်စကားမဆုံးခင်မှာပင် စကားစကိုတစ်ဖတ်သတ်ဖြတ်ချဖို့ပြင်သည်။ ထားဟာ လူမှုရေးကြောင့် တစ်ဖက်လူကိုတွေးပေးတာကြောင့် မပြောပဲ ဘယ်အချိန်ကတည်းကမြိုသိပ်ထားသလဲမသိတဲ့စကားလုံးများကို လေသံအေးအေးလေးဖြင့် ဖွင့်ချလာသည်။
"အောင် ငါတောင်းပန်ပါတယ် ငါနင့်ကိုစပြီးသိကတည်းက သူငယ်ချင်းတစ်ယောက်လိုပဲ ငါသဘောထားခဲ့တာ ထပ်ပြီး ဖွားဖွားတို့ကိုစည်းရုံးပြီး ငါ့ကိုရယူဖို့မကြိုးစားပါနဲ့တော့ ငါ တောင်းဆိုတာပါ ပြီးတော့ သတိပေးတာ ရှေ့ဆက်တိုးရင် သူငယ်ချင်းအဖြစ်ကနေပါ ငါရပ်ဆိုင်းရလိမ့်မယ်"
အောင်ဟာသိပ်ကိုတဇွတ်တိုးဆန်တဲ့သူ။ အမရာအမြဲပြောသလို အောင့်ကိုစိတ်မချဘူးဆိုတဲ့စကားကို ထားနားလည်စဘောပေါက်သွားခဲ့တဲ့အချိန်က အမရာ့မွေးနေ့မှာပဲ။
အမရာ့စိတ်ကျန်းမာရေးအခြေအနေက ပြန်ကောင်းလာခါစပဲရှိသေးပြီး အခုထိလည်း ဆရာမနဲ့အမြဲပြနေရတာမို့ တခြားအတွေးတွေမဝင်စေချင်တာမို့ ထားလိမ်ခဲ့ရပေမယ့် အဲ့ဒီနေ့ကအဖြစ်အပျက်ကြောင့် ထားစိတ်မလုံမလဲဖြစ်နေရတာကြာပြီ။
YOU ARE READING
Oh, my baby, you're so annoying!
Short Story"ကျွန်မက ရှင့်မှတ်ဉာဏ်တွေထဲမှာ အချိန်အကြာကြီးရှင်သန်သွားချင်တာ"