Epi 3

319 25 0
                                    

"ဟာ မေမေကလည်း "

ကြယ်စင် ခေါင်းကိုတခါခါနဲ့ မေမေရဲ့အမိန့်ကို ငြင်းဆန်နေမိသည်။

"မေမေကလည်းလုပ်မနေနဲ့ ညည်းလုပ်လို့ ဟိုကလေးမသေတာကံကောင်း"

ဘရိတ်မနင်းဘဲ အရှေ့ကကားကို ကြောင်ကြည့်နေတဲ့
အရူးမလေးတစ်ယောက်ကို ထိုမမက ကားခေါင်းကို ဆွဲလှည့်ပြီး
ကယ်ခဲ့သည်။

သူ့ကြောင့် ကြယ်စင်က သိပ်မထိခိုက်ပဲ သူကသာ ထိခိုက်သွားခဲ့တာ
ပြောရမယ်ဆိုရင် အသက်သခင်ကျေးဇူးရှင်ကြီး

"ဒါပေမယ့်လည်း "

ကျေးဇူးဆပ်သင့်တယ်ဆိုပေမယ့်လည်း အသည်းငယ်လွန်းသည့်
ကြယ်စင်က သူ့အကြည့်တစ်ချက်နဲ့တင် တွင်းတူးပြီး ကိုယ့်ကိုယ်ကို
မြေမြုပ်ကာ သေချင်စိတ်က တဖွားဖွားပေါ်လာသည်။

"တော်တော် ငါပြောတဲ့အတိုင်းဘဲ သူကောင်းတဲ့အထိ
ကျောက်ပတ်တီးဖြည်တဲ့အထိ သူ့အနားမှာနေပေးရမယ် ဒါဘဲ"

ဆေးရုံမှာ နှစ်ပတ်လောက် နေရမည့်အပြင် သူ့အိမ်မှာပါ ကြယ်စင်က
သွားနေပေးရအုံးမည်တဲ့ အခု သူနဲ့ တစ်လေတည်းရှူနေရတာတောင်မှ
ကြယ်စင် အသက်ရှူရကြပ်လွန်းသည် အဲ့လောက်ထိကို
အနေကျဥ်းကျပ်သည်။

"မေမေ မအားလို့ပါ သမီးနားလည်ပေးမယ်မလား "

အမရာ လိုအပ်သည်တို့ကိုဝယ်လာပေးရင်း မေမေက
စကားတစ်ခွန်းတည်းကိုသာ ထပ်ခါတစ်လဲလဲပြောနေသည်။

"နားလည်ပေးပါတယ် အမြဲတမ်း နားလည်ပေးနေခဲ့တာဘဲ"

လေသံကတိုးပေမယ့် ရွဲ့ပြီးပြောလိုက်တဲ့ပုံစံကြောင့်
မေမေ အနားသို့လာထိုင်ကာ အမရာ ခေါင်းကိုပွတ်ပေးရင်း

"ဟိုကိုလိုက်ဖို့ မေမေခေါ်ခဲ့တာဘဲ သမီးကို မေမေထားခဲ့တာမှမဟုတ်ဘဲ "

ရယ်လိုက်မိသည် မေမေ​ ခေါ်ပေမယ့်လည်း အမှန်တကယ်က
မလိုက်စေချင်တာ အမရာ သိသည်။ မေမေ အမျိုးသားကလည်း
သဘောမကျပုံရသဖြင့် အမရာ မြန်မာပြည်မှာသာ နေခဲ့သည်။

"ဝတ္တရားအရခေါ်တာပါ သမီးမလိုက်တာ မေမေပျော်တယ်မဟုတ်လား"

အမှန်တရားဆိုတော့ မေမေ့အတွက်နည်းနည်း ခါးသက်သွားပုံရသည်။

Oh, my baby, you're so annoying!Where stories live. Discover now