Part-(3)

5.5K 660 11
                                    

Unicode Version

"ခင်ဗျား....အဲ့ဒါ ဘာလုပ်နေတာလဲ..."

Dinner ကအပြန်.... သူ လသာဆောင်မှာထွက်ထိုင်ရင် သုံးနေကြ DreamBed ကို ဖြည်ရင်းနေရာချနေတာကြောင့် JK တစ်ယောက်မနေနိုင်စွာမေးမိတော့ သူ့ဘက်ကို ခေါင်းလေးငဲ့ကြည့်ရင်း.....

"တစ်ကုတင်ထဲ ဘယ်လိုတူတူအိပ်မှာလဲ... ကိုယ်က ကိုယ့်အသားသူများထိရင် မအိပ်တတ်သလို ကြိုက်လဲမကြိုက်ဘူး..."

"ခင်ဗျား ဘယ်နေရာမှာ အိပ်အိပ် ကျွန်တော်က မရ ရအောင် လာထိရင်ရော....."

မျက်ခုံးတစ်ချက်ကို ဟန်ပါပါပင့်ရင်း ပြောလိုက်သော စကားကြောင့် Jimin ရင်ထဲ လှုပ်ရှားမှုလေးတစ်ခု ဖြတ်ပြေးသွားရသည်...။ သို့သော်.....

"အဟက်....ထိရဲရင် ထိကြည့်လေ.....ကိုယ့်အသားကိုထိလိုက်တဲ့အချိန်ကတော့.......မင်းနဲ့ကိုယ်နှစ်ယောက်ထဲက တစ်ယောက်သေရင်သေ... မသေရင် နှစ်လောင်းပြိုင်ပဲ...Haha "

သူ့အဆိုးလေးက အဲ့လိုလဲ သူ့ကို ချိန်းခြောက်တတ်ပါသေးသည်....။ စိတ်ချ Hyung.... ။ ကျွန်တော်ကလေ Hyung က ထိပါလို့ မပြောမချင်း မထိဘူး....။ ကျွန်တော့အချစ်က Hyung ကို ဒီတိုင်းလေး အလှကြည့်နေရလဲ ဖြစ်တယ်....။ ကျွန်တော်က Choi Sungwoo လို မယုတ်မာဘူး....။

DreamBed ပေါ်မှာ အကျအန နေရာယူရင်း အိပ်ပျော်သွားသော အလှလေးကိုကြည့်ရင်း သက်ပြင်းမောကြီး တစ်ချက်ချကာ စောင်လေးဆွဲခြုံပေးလိုက်သည်....။

ထို့နောက် အေးစက်စက် King Size bed ကြီးကတော့ နွေးထွေးမှုတို့ကင်းမဲ့စွာ......။ Hyung ကိုသာ ပွေ့ဖက်ရင်း အိပ်စက်ရမည်ဆိုရင်တော့ဖြင့်........။ ဘယ်လိုပဲ ဖြစ်ဖြစ် နေ့လည်က Hyung ဒီကုတင်ပေါ်မှာ အိပ်ခဲ့သည်ဆိုပီး တွေးမိတော့ တဖန်ပြန်လည် နွေးထွေးသွားရသည်.....။ Hyung သည် သူ့အတွက် ကိုယ်ငွေ့လေးပင် ဖြစ်လင့်ကစား ဘယ်ချိန်မဆို နွေးထွေးစေသည်သာ....။ ကျွန်တော်က Hyung ကို ဤမျှလောက်ကို ချစ်ပါသည်.....။

-----------------------

Wedding ကြောင့် ပင်ပန်းတာရော..... တစ်ခါမှနားရက်မယူခဲ့တာကြောင့်ရော.....ခုမှ သူတို့နှစ်ယောက် တစ်ပတ်တိတိနားရက်ယူထားခြင်း....။
Company နှစ်ခုလုံးကို မန်နေဂျာတွေနဲ့ပဲ လွှဲထားကာ အိမ်မှာပဲ အနားယူဖြစ်ကြသည်မှာ လေးရက်တိတိပင် ရှိပီ....။

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Where stories live. Discover now