Part-(9)

4.5K 436 23
                                    

"ကိုယ် မင်းရဲ့ ဒီ Tattoo လေးတွေကို ဘယ်လောက်သဘောကျလဲ သိရဲ့လား...."

လက်ဖျံက အကြောင်းလိုက် ချုပ်ရာလေးကို လက်ဖျားလေးနဲ့ နာမှာစိုးသည့်အလား ခပ်ဖွဖွလေးထိသူ.....။ JK တကယ် သဘောကျပါသည်...။ Hyung က သူဆေးရုံတက်နေတဲဲ့ တပတ်တွင် သူ့နားပဲ နေသည်မဟုတ်ပါလား....။ တကယ်က ဆေးရုံက ဆင်းလို့ရတာ ကြာနေပီ...။ တမင်မဆင်းသေးတာ....ဟဲဟဲ....။

"ဒေါက်....ဒေါက်...ဒေါက်...."

"Nae.....ဝင်ခဲ့ပါ..."

Duty Coat အဖြူရောင်လေးအောက်က အဖြူရောင် ဆရာဝန်လေး ဝင်လာသည်....။ သူကတော့ Jin Hyung ရဲ့ သူငယ်ချင်း Min Suga ဆိုတဲ့ ဆရာဝန်လေးပါ....။

"Jeon Jungkookshi....မနက်ဖြန်ဆို ဆေးရုံဆင်းလို့ရပါပီ...."

"ဟင်....မဆင်းချင်သေးပါဘူး..."

"Yarrrr....Jeon Jungkook ဆေးရုံကို မင်း ကစားကွင်းများမှတ်နေလား....တကယ်ဆို မင်းကိုဆင်းခိုင်းနေတာကြာပီ....ပေကပ်နေနေပီးတော့..."

"Arr...Suga Hyung ကလဲ....ဘာလို့အော်နေတာလဲ..."

သူ မျက်နှာရိပ်မျက်နှာကဲ ပြသော်လဲ Suga Hyung က​တော့ မမြင်....။ ဒီHyung ဟာလေ....အက်လိုဒဲ့တိုးကြီးတွေ ပြောတတ်လွန်းလို့လဲ ခုထိ ရည်းစားမရှိတာ...။ JK တစ်ယောက် Doctor Min Suga ကို ပေစောင်းစောင်းကြည့်ရင်း သူ့ရဲ့ ချစ်လှစွာသော Hyung ပိစိလေးဆီ လှမ်းကြည့်တော့ သူ့ကို ဂြိုဟ်သားကြည့် ကြည့်နေတာနဲ့ သွားဆုံသည်...။ သွားပီ စိတ်ဆိုးပီထင်တယ်...။ချော့ပေဦးတော့....

"Suga Hyung... ပြန်တော့ဗျာ...."

"မင်း မနှင်လဲ ငါက ပြန်မှာပါ....အော်...Jiminshi...သူ့ကို အလိုမလိုက်ပါနဲ့...ဒီလူနာ သိပ်ဉာဏ်များတာပဲ...."

ထွက်သွားခါနီးတောင် အချွန်နဲ့ မ ဖြစ်အောင် မ သွားသေးတယ် ဒီ Hyung ကတော့.....။

Jimin ဘာမှမပြောပဲ အပြင်ထွက်ကာ ဆေးရုံဆင်းဖို့ ပြင်ဆင်လိုက်သည်...။ ဒီကောင်လေးကတော့လုပ်ချင်တိုင်းကို လုပ်နေတော့တာပဲ....။

"ထ....အဝတ်စားလဲ.... ဆေးရုံဆင်းမယ် အိမ်ပြန်မယ်...."

"Jiminshi....ကျွန်တော့ကို စိတ်ဆိုးသွားတာလား..."

အမေးသာရှိပီး အဖြေသည် ပြန်မလာတာကြောင့် JK စိတ်အိုက်သွားရသည်...။ တစ်ခုခုပေါက်ကွဲလိုက်ရင် နေရတာတော်သေးရဲ့....။

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Donde viven las historias. Descúbrelo ahora