Part-(6)

4.7K 557 19
                                    

Unicode Version

တဆစ်ဆစ်ထိုးကိုက်နေသောခေါင်းကြောင့် JKတစ်ယောက် ဖျားနေပီမှန်း သူကိုယ်သူသိလိုက်သည်.....။ ဟိုဘက်ရက်က  Jimin Hyung နဲ့ ရန်ဖြစ်ပီး ရေချိုးခန်းထဲ ရေဖွင့်ပီး ထိုင်နေသည်မှာ အကြာကြီးမလား...။ အအေးမိချင်နေတာကို အလုပ်တွေဖိလုပ်ရင်း ဒဏ်ဖြစ်ကာ နေမကောင်းဖြစ်မဲ့ဖြစ်တော့လဲ စုပြုံပြီး ဖြစ်သည်....။

"CEO ဒီမှာ လက်မှတ်လေးထိုးပေးပါဦး...."

ခေါင်းညိမ့် လက်မှတ်ထိုးရင်းမှ.....

"ဒီနေ့ Meeting တွေ အကုန်ဖျက်ပေး ငါပြန်မှဖြစ်မယ် မဟုတ်ရင် လဲကျသွားလိမ့်မယ်...."

"ဟုတ်ကဲ့ CEO....ဒါဆို ကျွန်တော့ကိုခွင့်ပြုပါဦး...."

အတွင်းရေးမှူးဒို ထွက်သွားမှ သူလဲ ဒရိုင်ဘာနဲ့ အိမ်ကို ပြန်လာလိုက်သည်.....။ Hyung နဲ့ စကားမပြောဖြစ်သည်မှာ သုံးရက်....။ အရင်ကမှ အတူမအိပ်သော်လဲ တခန်းထဲ ဖြစ်သည့်အတွက် မျက်နှာလေးမြင်ရသေးသည်....။ အခုတော့ ရန်ဖြစ်သည့်ရက်မှစကာ Hyung က စာဖတ်ခန်းမှာ တစ်သီတစ်ခြား နေ နေ တော့သည်...။ မနက်ခင်းဆိုလဲမတွေ့.... ပြန်ရောက်တော့လဲ စာဖတ်ခန်းထဲက ထွက်မလာ....။ ညစာတောင် အရင်လို အတူမစားဖြစ်တော့....။ အိမ်ရောက်မှ ဒရိုင်ဘာကိုလဲ အနားပေးကာ သူလဲ အခန်းထဲဝင်ခဲ့မိတော့သည်....။

မျက်လုံးကပဲ အခိုးငွေ့တွေထွက်နေသလိုလို....။ အသက်ရှူရင်ပဲ လေပူတွေ နှာခေါင်းက ထွက်နေသလိုလို.....။ မရမက အတင်းမှိတ်ကြိတ်အိပ်ပစ်တော့လဲ.....ပင်ပန်းမှုအစုံကြောင့် အိပ်စက်ခြင်းဆီသို့.......။

--------------------

"သခင်လေး နေမကောင်းဘူးထင်တယ် အစ်ကိုလေး.......နေ့ခင်းထဲက ပြန်ရောက်နေတာကို ခုထိထွက်မလာသေးဘူး...."

"အခန်းထဲမှာလား......"

အိမ်တော်ထိန်း၏ ခေါင်းညိမ့်ဖြေမှုအပီး အပေါ်ထပ်အိပ်ခန်းဆီသို့ တက်လာမိသည်....။ Company ကပြန်လာလာခြင်း ဆီးကြိုနေသည်က နေမကောင်းဘူးတဲ့လား....။ နေမကောင်းမဖြစ်စမ်းပါနဲ့ Jeon ရယ်....။ ကိုယ့်ကို ရင်တွေနာရအောင်.....။

အခန်းထဲဝင်လိုက်တော့ အိပ်ယာပေါ်မှာ အိပ်ပျော်နေသော လူသားလေး....။ အပူရှိန်ကြောင့်ထင်တယ်....မျက်နှာလေးက နီရဲလို့....။ ရေပတ်တိုက်ပေးနေသည့်တိုင်အောင် အပူရှိန်က မကျ.....လူကလဲ နိုးမလာ....။ ကိုယ့်ကို စိတ်ပူရအောင် မလုပ်စမ်းပါနဲ့ Jeon ရယ်....။

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Where stories live. Discover now