Part-(22)

4.1K 385 41
                                    

Unicode Version

"Tae....Taehyung ah....."

(Jimin....မင်းအဆင်ပြေရဲ့လား.....ဘာဖြစ်လို့လဲ....ငိုနေတာလား.....)

"Jeon....ကလေ....Jeon ကလေ....ဟင့်...."

(Jeon Jungkook က ဘာဖြစ်လို့လဲ....မင်းကို တစ်ခုခုလုပ်လို့လား....)

"သူနဲ့ငါ စကားများတယ်....သူငါ့ကို အထင်လွဲသွားတယ်ကွာ....ဟင့်.....ငါရှင်းပြလဲ မယုံဘူး...."

(............)

"ခုလဲ ငါအိမ်ကနေထွက်လာတာ.....ငါ့ကို တသက်လုံး ပြန်မလာခဲ့နဲ့တဲ့.....အီး...ဟီး...ဟီး...."

(Jimin အခု မင်းဘယ်မှာလဲ......ငါလာခဲ့မယ်....မင်းရှိနေတဲ့ နေရာကို​ပြော.....မင်းက အရင်လို တစ်ယောက်ထဲမဟုတ်တော့ဘူးနော်.....)

"ငါအခု ဘယ်ရောက်နေလဲဆိုတာ....ငါလဲ....သေချာ..မသိ......."

တီ......!!!!!.......တီ......!!!!!!........တီ.....!!!!!....

Taehyung နဲ့ ဖုန်းပြောနေရင်းမှ ကားဟွန်းတီးသံကြောင့် လှည့်ကြည့်မိတော့ သူ့ဆီကို အရှိန်ပြင်းပြင်း မောင်းဝင်လာသော ကားတစ်စီး.....။ ကားမီးရောင် အလင်းတန်းသည် စူးရှနေတာကြောင့် မျက်မှောင်တို့က ကျုံ့မိရက်သား......။ သူဘေးသို့ရှောင်ဖယ်ချင်ပါသော်လဲ ကြောက်နေတာလား တုန်လှုပ်နေတာလား မသိရသော ခြေထောက်တို့က ကျောက်ချထားသလိုရပ်တန့်နေသည်.......။

"ဒုန်း.......!!!!!....."

ခနဲ့မြည်သံကြီးနဲ့အတူ......တကိုယ်လုံးလေဟာနယ်ထဲ မြှောက်တက်သွားသည်.....။ ဖုန်းသည်လဲ ဘယ်ဆီသို့ လွှတ်ကျသွားမှန်းမသိ.....။ သူကားတိုက်မိတာလား.....။ လေပေါ်လွှင့်မြောနေရာမှ ပြန်အကျတွင် မြေကြီးပေါ်သို့မကျပဲ..... နောက်က ထပ်မံမောင်းလာတဲ့ မှန်ချပ်တွေတင်သယ်လာတဲ့ Truck ကားနဲ့ ထပ်တိုက်မိပြန်သည်... ...။ ကားသည် နှစ်ဆင့်တိုက်ခြင်း.....။ အရှိန်လွန်ကာ မှန်တွေတင်ထားတဲ့ ကားနောက်ဘက်သို့ လူကပစ်ကျသည်.....။ ကွဲကျေသွားသော မှန်တွေသည် သူ့အသားကို လာစိုက်လားမပြောတတ်.....။

မြေကြီးပေါ်ပြန်အကျတွင်တော့ အသံပင်မထွက်နိုင်တော့......။ ခေါင်းမှ သွေးတို့က စီးဆင်းနေသလားမပြောတတ်.....။ အသိစိတ် ကပ်တစ်ချက် မကပ်တစ်ချက်တွင် ခေါင်းထဲ ဝင်လာသည်က ကလေး....။ ဟုတ်တယ် သူ့ရဲ့ကလေးလေး.....။ ဆုံးရှုံးရတော့မှာလား.....လို့ တွေးမိတော့ အသိစိတ်မကပ်သည့်ကြားမှ ဝမ်းဗိုက်ချပ်ချပ်လေးကို ကိုင်လိုက်မိသည်.....။ ဟင့်အင်း.....မဖြစ်ဘူး......။ ကလေးလေး......မင်း ဘာမှမဖြစ်ရဘူး.....။ Papa က..... Papa က..... မင်းကို ကာကွယ်ပေးမှာပါ......။

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Donde viven las historias. Descúbrelo ahora