Part-(15)

3.6K 384 1
                                    

Unicode Version


"Jung Hoseokshi ရောက်နေပါတယ် CEO...."

"ဝင်လာခိုင်းလိုက်လေ ငါ့ကို သတင်းပို့နေစရာလား...."

ဒီလိုရင်းနှီးတဲ့သူတွေလာရင် သူ့ရုံးခန်းသည် တံခါးမရှိဓားမရှိဆိုတာလဲ မသိတာလဲမဟုတ်ပဲနဲ့ကို လူကိုစိတ်ရှုပ်အောင်....။ မာရီယာကတစ်မျိုး တကပ်ကပ်နဲ့မို့  စိတ်တို့က အစိုးမရ....။ Choi Sungwoo ပြန်ရောက်နေတယ်ဆိုတာကြားပီးထဲက ဘာကိုအလိုမကျမှန်းမသိ....။

"စိတ်တွေရှုပ်နေတာလား Jungkook....."

"Choi Sungwoo ပြန်ရောက်နေပီဆိုတာကို လာပြောတာဆိုရင် ပြောမနေနဲ့တော့ Hyung...ကျွန်တော် သိပီးပီ...."

ဒီတစ်ခါအံ့သြသွားရသူက Jung Hoseok ဆိုတဲ့သူသာ.......။ ဘယ်လိုသိတာလဲဆိုတာကို မေးမနေတော့....။

"JM Group က Project တစ်ခုမှာ အကြီးကြီး ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာရော သိပီးပီလား...."

မျက်ခုံးတို့သည် အလိုမကျစွာ တွန့်ချိုးသွားရသည်....။

"သေချာလို့လား Hyung...."

"ဟက်.....Jung Hoseok ပါကွ....မင်းလိုပဲ မပိုင်ရင် လက်ဖျောက်လေးတောင် မတီးဘူး...."

ဟုတ်ပါသည်...။ မယုံစရာတော့မရှိ....။ ဒါပေမဲ့....ဒါပေမဲ့ Jiminshi က ဒီအကြောင်းကို ဘာလို့ မပြောတာလဲ...။ ဘာလို့ဖုံးကွယ်ထားတာလဲ.....။ တကယ်ဆို ဒီလို နှုတ်ပိတ်မနေသင့်ဘူးမလား....။ ဒီတစ်ခါ Project ကရော ဘာလဲ....။ခါတိုင်း Project အသစ်လုပ်ပီဟေ့ဆိုရင် အမြဲတမ်းတိုင်ပင်ခဲ့တဲ့ Hyung က ခုကျ ဘာလို့ ဘာမှမပြောရတာလဲ...။
ဟုတ်သားပဲ Choi Sungwoo ဆိုတာက Jimin Hyung ရဲ့ အချစ်ဦးဆိုတာ သူမေ့သွားခဲ့သည်ပဲ....။ အချစ်ဦးပြန်လာတော့ ကျွန်တော့ကို ချောင်ထိုးထားတော့မှာလား Hyung...။ လွန်ခဲ့သောနှစ်တွေကနေ ခုထိ....ဖြတ်သန်းလာသမျှတစ်လျှောက်လုံး ထိခိုက်မှာစိုးသည့်စိတ်ဖြင့် ကာကွယ်ခဲ့သမျှသည် သူ့၏တဖက်သတ်ချစ်ခြင်းများ​ကြောင့်သာ....။ မောင့်ကို ခုထိ အလုံးစုံပုံအပ်ပီး မချစ်နိုင်သေးဘူးလား Hyung ရယ်....။

"အဲ့လူဘာတွေလုပ်နေလဲဆိုတာကို ကျွန်တော့ကို စုံစမ်းပေးပါ Hyung....ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာကအစ...."

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Where stories live. Discover now