Part-(11)

3.5K 380 21
                                    

Unicode Version

"အတွင်းရေးမှူးရှင်း.....ကျွန်တော် ကိုယ်တိုင်ဒီနေ့ Store ကို စစ်မယ် "

"ဟုတ်ကဲ့ပါ CEO Jeon..."

Store မှာရှိတဲ့ စာရင်း၏ ကွာဟမှုသည် နည်းသည်မဟုတ်....။ ငွေကြေးလည်ပတ်မှုသည်လဲ ပုံမှန်မဟုတ်.....။ ဘယ်က ဘယ်လို ဘာဖြစ်နေမှန်း သေချာမသိလောက်အောင်ပင်....။

ဒေါက်.....ဒေါက်......ဒေါက်......

"Nae.....ဝင်ခဲ့ပါ....."

"JK.... ရှင်ဒီနေ့ Store ကို ကိုယ်တိုင်စစ်မယ်ဆိုတာ ဟုတ်လား....."

လူကအရင်မရောက် အသံကအရင်ရောက်လာသည်....။ သတင်းသည်မြန်ပေစွ.....။ စကတ်တိုကျပ်ကျပ်နဲ့..... ကျစ်...Company ဆိုတာရော သိရဲ့လားမသိ....။ ဘယ်လိုပဲ ဘုတ်အဖွဲ့ဝင်ဖြစ်ဖြစ်ပေါ့....။ လုံလုံခြုံခြုံ သက်သောင့်သက်သာရှိတာမျိုး ဝတ်သင့်တယ်ထင်တယ်....။ နောက်မှ သတိပေးရဦးမည်ပင်.....။

"မင်းက ဘယ်လိုလုပ်သိတာလဲ....."

"အမလေး....Company ကြီးတစ်ခုလုံး ဒီအကြောင်းပဲပြောနေတာကို CEO ကိုယ်တိုင်စစ်မယ်ဆိုလို့ Store ဌာနကလူတွေ ပြာယာကို ခတ်နေရောပဲ....."

JK မျက်ခုံးပင့်သွားရပါသည်....။ ပြာယာခတ်စရာအကြောင်းမှမရှိတာ....။

Ring......Ring.....

"Nae....Jiminshi....."

(ကိုယ် ဒီနေ့ Busan ဘက်ခနဆင်းမလို့....အက်တာလှမ်းပြောတာ....)

"Jiminshi တစ်ယောက်ထဲလား.....ကျွန်တော့ကို ကြိုလဲမပြောဘူး ပြောရင်ကျွန်တော်လိုက်ပို့မှာပေါ့....."

(ခုလဲ မသွားရသေးပါဘူး မင်းလိုက်ချင်ရင် လိုက်လို့ရတာပဲ Jeon ရယ်....)

"မရတော့လို့ပေါ့.....ကျွန်တော်ဒီနေ့ စာရင်းတွေတအားကွာနေလို့ Store ကို ကိုယ်တိုင်စစ်ဖို့ လုပ်ထားပီးသွားပီ...."

(အဲ့တာဆိုလဲ ဘယ်တတ်နိုင်မလဲ....ကိုယ်လဲ ချက်ချင်းပြန်လာမှာပါ.....ပီးတော့ တစ်ယောက်ထဲမဟုတ်လို့ စိတ်မပူပါနဲ့ ယောင်းငယ်ပါတယ်...)

"ဒါဆိုလဲ ဂရုစိုက်သွားနော်....ချက်ချင်းပြန်လာမှာဆိုပီး ကားကို အမြန်မမောင်းနဲ့....ညနက်နေရင်လဲ ပြန်မလာခဲ့နဲ့ Busan က လမ်းတွေက ညဘက်ဆို သိတယ်မလား....."

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Onde histórias criam vida. Descubra agora