Part-(7)

4.8K 493 6
                                    

Unicode Version

ထိုနေ့ညအပြီး ကျွန်တော်နဲ့ Jimin Hyung ဆက်ဆံရေးက ခါတိုင်းထက်ကိုမှ အဆင်ပြေလာပါသည်....။ဘယ်နေ့ညလဲဆိုတာတော့ ကျွန်တော်မပြောလဲ ခင်ဗျားတို့သိမယ်မဟုတ်လား...။ကျွန်တော် ပြန်မပြောချင်ဘူး.... ရှက်လို့....။ ခုဆို Jimin Hyung က အခန်းထဲပြန်လာရုံတင်မဟုတ်ဘူး အိပ်ယာမှာပါ တူတူအိပ်သည်ထိ အဆင့်တွေ တိုးတက်လာသည်လေ....။

Flash Back~~~~

ညက မိုးအရှိန်ကြောင့် မနက်ခင်းရောင်နီဦးက အရင်နေ့တွေကလောက် ထိန်ညီးမနေ.....။ မျက်လုံးမဖွင့်ပဲ ဘေးကို အသာစမ်းကြည့်မိတော့ ခံစားလိုက်ရတဲ့ အေးစက်စက်အထိအတွေ့ကြောင့် Jimin တစ်ယောက် ဝုန်းခနဲ ထထိုင်လိုက်သည်....။ နေမကောင်းတဲ့သူကို ဂရုစိုက်ပါမယ်ဆိုကာမှ သူက အိပ်ပျော်နေသည်တဲ့လား...။ ဘယ်ရောက်သွားပြန်တာလဲ ဒီကောင်လေး......။

"ကျွန်တော့ကို ရှာနေတာလား Jiminshi...."

အသံကြောင့်မော့ကြည့်မိတော့ ရေချိုးလာဟန်တူသည်....။

"မင်း ရေချိုးထားတာလား.....နေလဲမကောင်းသေးပဲနဲ့....."

"ညကထဲက Jiminshi ကြောင့် နေမကောင်းတာပျောက်သွားပီ..."

စူးစိုက်ပီးကြည့်ကာ ပြုံးစစနဲ့ပြောသော စကားအဆုံး သူ့မျက်နှာကြီး နီရဲနေပီဆိုတာ Jimin ကိုယ့်ဘာသာသိလိုက်ပါသည်....။ ခါးအောက်ပိုင်းသဘက်တထည်သာပတ်ထားပီး မြင်နေရတဲ့ တောင့်တင်းတဲ့ Body Structure ကြောင့် မကြည့်ရဲစွာ မျက်နှာလွှဲရင်း ညကအကြောင်း ပြန်စဥ်းစားမိတော့ မျက်နှာကြီးမီးခဲဟပ်နေသလို ပူလောင်လောင်ကြီးခံစားနေရသည်....။ ကိုယ်ကသာ တမျိုးတမည်တွေဖြစ်နေတာ ဟိုကတော့ အေးရာအေးကြောင်းပင် အဝတ်လဲခန်းထဲဝင်ချသွားသည်....။ အိပ်ယာပေါ် ပြန်ပစ်လဲကာ စောင်ခေါင်းမြီးခြုံလိုက်ရင်း ....ရှက်လိုက်တာ...ရှက်လိုက်တာ...ဟု..သာ အသံတိတ်ပေါက်ကွဲနေမိတော့သည်......။ နမ်းရုံပဲနမ်းခဲ့တာပါ....သို့သော်...အနမ်းတို့ကို အငမ်းမရ မွတ်သိပ်တောင့်တမိခဲ့သည် မဟုတ်ပါလား....။

"ရှက်နေတာလား.....Jiminshi...."

သူအဝတ်လဲပီးသည်အထိ အိပ်ယာမထတဲ့အပြင်စောင်ခြုံကာ လှုပ်စိစိဖြစ်နေပုံက ညကကိစ္စကို ရှက်နေဟန်....။ စောင်ကို လှန်ရင်း လူကို ဆွဲထူကာ မေးမိတော့....။

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Where stories live. Discover now