Part-(18)

3.4K 366 4
                                    

Unicode Version


"ကျွန်တော် အလုပ်ကိစ္စတစ်ခုနဲ့ ခရီးထွက်ရမယ် Jiminshi.....နှစ်ပတ်လောက်တော့ကြာမယ်ထင်တယ်...."

"ဘယ်ကိုလဲ....."

"ဂျယ်ဂျူဒိုကို....."

ကံတရားသည် သူ့ဘက်ပါဟန်တူသည်....။ တိုက်တိုက်ဆိုင်ဆိုင်ပင် Jeon သည် ခရီးသွားမည်တဲ့လေ....။ ဒီလိုဆိုရင် Jeon ခရီးသွားတုန်း သူလဲ ခွင့်တောင်းပီး ယောင်းငယ်နဲ့အတူ ကနေဒါကို သွားရမယ်လေ... ။ အခွင့်အရေးသည် နှစ်ခါမရနိုင်ပါ.....။ "Chance Never Come Twice"  လေ.....။သို့သော် ဟန်ကိုယ်ဖို့....

"ကိုယ်ရော....လိုက်လို့မရဘူးလား Jeon...."

"ခေါ်ချင်ပါတယ်.... ဒါပေမဲ့ တခြားသူတွေရောပါမှာဆိုတော့ သိပ်အဆင်မပြေဘူး....."

"အဲ့တခြားသူတွေထဲ ဂန်းမာရီရော ပါတာလား...."

Hyung ရဲ့ ဆူပုတ်ပုတ် အမေးကြောင့် သူ သဘောကျစွာရီလိုက်မိသည်....။

"Aigoo....သဝန်တွေတိုနေပြန်ပါပီကွာ....မပါပါဘူး...."

"မပါရင် ပီးတာပဲ...."

မျက်စောင်းလေးထိုးကာ တဖက်လှည့်သွားသူကို ရင်ခွင်ထဲဆွဲသွင်းရင်း....နှုတ်ခမ်းဖူးဖူးလေးကို နမ်းရှိုက်လိုက်သည်.....။

"လွမ်းနေရတော့မှာပဲ.....ဒီကလေးလေးကို...."

"ဘာ ကလေးလေးလဲ...."

"မသိဘူး ကျွန်တော့အတွက်တော့ ကလေးလေးပဲ....."

"Jimin ah......Jimin....Yar....Park Jimin..... "

ကျစ်.....။ အဖျက်သမား Kim TaeHyung တို့က လာပီ....။

"ဘာလဲ ဘာလဲ ပြော...."

"အချိန်ကောင်းကို ငါနှောက်ယှက်သလိုဖြစ်သွားတာလား....အဟီး...."

ရီကျဲကျဲနဲ့ ပြောလာသူကို Hyung ရော သူရော တပြိုင်ထဲ မျက်စောင်းထိုးလိုက်မိသည်....။ နောက်ကပါလာတဲ့ Hoseok Hyung ကတော့ ခပ်ပြုံးပြုံးသာ.....။ သူတို့လဲ ဖက်ထားရာကနေ ခွာလိုက်ကာ ဧည့်ခန်းဆိုဖာမှာဝင်ထိုင်ရင်း....

"ကဲ....ပြောပါဦး....ဘာတွေများ ပြောစရာရှိလို့ အိမ်ထိ ပေါက်ချလာတာလဲ....."

"ငါ ကနေဒါမှာ Photo Shooting တစ်ခု ရိုက်စရာရှိလို့ သွားရမှာ....ဘာဝယ်ခဲ့ရဦးမလဲလို့ လာမေးတာ...."

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Tempat cerita menjadi hidup. Temukan sekarang