Choi Sungwoo's POV-2

673 39 4
                                    



Unicode




"ခင်ဗျား Jimin Hyung နဲ့ ဝေးဝေးနေရင်ကောင်းမယ်..."

"ဟားဟား....."

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Jeon Jungkook ရဲ့စကားကိုကြားတဲ့အခါ အသံထွက်ပြီးဟက်ဟက်ပက်ပက်ကိုရယ်လိုက်မိတယ်...။ လက်သီးတင်းတင်ဆုပ်ပြီး အံကြိတ်လိုက်တဲ့ပုံဟာ ဒီလောက်တောင်ရယ်စရာကောင်းခဲ့သလား Sungwoo ကိုယ်တိုင်မသိခဲ့...။

"Min ကလူလွတ်တစ်ယောက်ပဲ Jeon Jungkook...။ သူ့မှာလဲရွေးချယ်ပိုင်ခွင့်ရှိသလို ငါ့မှာလဲကြိုးစားပိုင်ခွင့်ရှိတယ်...။ သူ့ရွေးချယ်မှုက မင်းဖြစ်နိုင်သလို ငါလဲဖြစ်နိုင်တယ် ပြီးတော့ ငါတို့နှစ်ယောက်လုံးမဟုတ်တဲ့ တစ်ခြားတစ်ယောက်လဲ ဖြစ်သွားနိုင်တယ်...။ အဲ့တစ်ခြားတစ်ယောက်က အမျိုးသားတစ်ယောက်ဖြစ်နိုင်သလို အမျိုးသမီးကောင်းလေးတစ်ယောက်လဲဖြစ်နိုင်တာပဲ..."

ကိုယ်ကဖြစ်နိုင်ချေကိုပြောလိုက်ပေမဲ့ Jeon Jungkook ဆီက မျက်မှောင်ကျုံ့ပြီး မနှစ်မြို့တဲ့အကြည့်တစ်ချို့ကိုလက်ခံရရှိလိုက်တယ်...။ ကိုယ်ပြောတာဘာမှားနေလို့လဲ...။ ဟုတ်တာမှန်တာကိုပဲပြောနေတာပါ....။

"Hyung က ကျုပ်အပိုင်..."

"အပြောတွေစောနေသေးတယ်..."

လက်ကျန်ကော်ဖီကိုကောက်မော့ပြီး Jeon Jungkook ပခုံးကိုလက်နဲ့နှစ်ချက်လောက်ပုတ်ကာ ဘာမှမဖြစ်သလိုထွက်လာခဲ့ပေမဲ့ အနည်းငယ်တုန်လှုပ်ခဲ့တာကိုဝန်ခံရပါမယ်...။ ကျုပ်အပိုင်ဆိုတဲ့စကားနဲ့အတူ Jeon Jungkook မျက်လုံးထဲကသေချာခြင်းတွေကိုမြင်လိုက်ရလို့လား...။

မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်မသိချင်ယောင်ဆောင်နေကြတာ...။ Min ကဝန်ခံမှာမဟုတ်တာကိုသိတယ်...အဲ့လိုပဲ Jeon Jungkook ဆိုတဲ့မင်းဘက်ကလဲ ဝန်ခံဦးမှာမဟုတ်သေးကြောင်း သိတယ်...။ မစခင်က အနိုင်အရှုံးသဲကွဲနေတဲ့ကစားပွဲကို ရူးရူးမိုက်မိုက်နဲ့ ငါကဆက်ကစားချင်သေးတာ....။ ဘယ်အခန်းကဏ္ဍကနေဖြစ်ဖြစ် ငါကပါဝင်ဆင်နွှဲဦးမှာ....။

---------------------------

ရံဖန်ရံခါ Company ကို ကိုယ်တိုင်သွားရတာမို့ Suit အပြည့်နဲ့ Sungwoo က ဒီနေ့သေချာပေါက်ချောမောခန့်ညားနေတယ်ဆို အားကစားခန်းမထဲဝင်လာထဲက တမေ့တမောဖြစ်နေကြတဲ့ ကောင်မလေးတွေကသက်သေ...။ ကိုယ့်ရဲ့ခြေလှမ်းတွေက အားကစားဝတ်စုံနီညိုရောင်အောက်က ဖြူအုအုနောက်ကျောပြင်လေးဆီဦးတည်တဲ့အခါ ကြွပ်စီကြွပ်စီအသံလေးတွေဆူညံလာတယ်...။ ခြေစုံရပ်ပြီး ဝေ့ကြည့်လိုက်တဲ့ ကိုယ့်အကြည့်စူးစူးတွေအောက်မှာ အားကစားခန်းမထဲက ယောက်ျားလေး မိန်းကလေးတိုင်းက အချင်းချင်းနှုတ်ဆက်ပြီး ပြန်ပြေးကုန်တယ်။ တာ့တာပြပြီး ပြုံးပြနေတဲ့ Min ပုံရိပ်လေးကသိပ်လှခဲ့တာ.....။

You've reached the end of published parts.

⏰ Last updated: Oct 03, 2023 ⏰

Add this story to your Library to get notified about new parts!

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Where stories live. Discover now