အချစ်မီးလျှံ - Part ( 1 )

14K 692 3
                                    

Unicode Version

"ခု Daddy က ကျွန်တော့်ကို ရွေးချယ်ခိုင်းနေတာလား ဒါမှမဟုတ် အမိန့်ပေးနေတာလား"

ထွက်လာတဲ့စကားသံကြောင့် ထမင်းစားဝိုင်းက အသံတိတ်ကျသွားသည်မှာ အပ်ကျသံပင် ကြားရလင့်ကစား....

JK မျက်မှောင်ကျုံ့ကြည့်မိရင်း ဘာမှမပြောဖြစ်။ မပြောဖြစ်ဆို ဒါက လက်ကို လက်ခံရမဲ့ ကိစ္စလေ ဘယ်သူမှ ငြင်းပိုင်ခွင့်မရှိသလို ဘယ်မှလဲ အထွန့်တက်ခွင့်မရှိ..။ ပြောရရင် စီးပွားရေးအရ လက်ထပ်ခြင်းပေါ့...။

"ကိုယ်တို့ ခြံထဲမှာ ခဏစကားပြောကြရအောင်လား"

ပြောပြောဆိုဆို ထမင်းစားဝိုင်းမှထသွားသော ထိုလူသား.....။ ချောသည် ခန့်သည်ဆိုတာထက် လှတယ်လို့ပြောရင် ပိုသင့်တော်မယ်ထင်တယ်။
Suit နဲ့ ဆံပင် ခရမ်းရောင်နဲ့ကသိပ်လိုက်ဖက်ပေမဲ့ JM Group ရဲ့ CEO ဆိုတဲ့နေရာနဲ့ သိပ်မအပ်စက်သယောင်....။မပြုံးမရယ် ဆေးရောင်ကူစရာမလိုတဲ့ နှုတ်ခမ်းလေးတွေ....။နားက နားကွင်းလေးတွေကလဲ တပ်ထားသေးသည်။ လူငယ်ဆန်သည်ပေါ့....။


ထွ

က်ချသွားသူနောက်က အေးဆေး အသာလိုက်လာတော့ နံရံဘက်မျက်နှာမူပီး အိတ်ကပ်နှစ်ဖက်ထဲ လက်ထည့်ကာ ရပ်နေသူလေး....။

"ခင်ဗျား ဘာပြောစရာရှိလို့လဲ...."

"ကိုယ့်မှာ သဘောကျနေတဲ့သူရှိတယ်..ပြောရရင် ချစ်ရတဲ့သူရှိတယ်ပေါ့..."

"အဲ့ဒီတော့..."

မေးခွန်းထုတ်လာသည့်အပေါ် Jimin ခပ်အေးအေးပင်လှည့်ကြည့်လိုက်သည်..။ ပခုံးတွန့်ပြရင်း ဟက်ခနဲ ရီလိုက်တဲ့သူကိုတချက်ငေးကြည့်ရင်း....။ ချောတယ် ခန့်တယ် ဆိုတာထက် ပိုတဲ့ စကားလုံးဝေါဟာရများရှိရင် ပြောလိုက်ချင်ပါရဲ့...။ သူ့လိုပဲ Suit အနက်ရောင်ကို ဝတ်ဆင်ထားသူ.. သို့သော် လူငယ်နဲနဲဆန်ချင်စွာ နားမှာ နားကွင်းလိုလို လှုပ်တုတ်တုတ်လေး တပ်ထားသလို လက်မှာလဲ Tattoo လေးတွေထိုးထားသေးသည်..။

"ဒီလက်ထပ်ပွဲက ဖြစ်နိုင်ပါ့မလားလို့ ဖြစ်ခဲ့ရင်တောင် အဆင်ပြေပါ့မလားလို့ ကိုယ်တွေးနေတာ.."

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Donde viven las historias. Descúbrelo ahora