Part-(23)

4.3K 395 37
                                    

Unicode Version


ငါးရက်ရှိနေပီ.....Hyung....နိုးမလာသေးဘူး....။ဘယ်တွေများထွက်ပြေးနေတာလဲ Hyung ရယ်....။ ကျွန်တော့ကို မမြင်ချင်တော့လို့ နိုးမလားသေးတာလား.....။ နိုးလာပါတော့....။ Hyung နိုးလာတဲ့အခါ ရိုက်ချင်ရိုက်.....သတ်ချင်သတ်ပါ....Hyung ဘာလုပ်လုပ် ကျွန်တော်ခံမှာမို့....ကျေးဇူးပြုပီး နိုးလာပေးပါ.....။မျက်လုံးက ပတ်တီးတွေကို ဖြည်ထားပီ....။ သို့သော် Hyung နိုးမလာသေးလို့ မြင်ရလားမမြင်ရဘူးလားဆိုတာကို တိတိကျကျမသိရ....။ လုံးဝပျက်စီးသွားတာလား....မပျက်စီးသွားဘူးလား သိရဖို့က Hyung နိုးလာမှပင်သိရပေလိမ့်မည်.....။

Maria သည်အပုန်းကောင်းနေသည်....။ Kim Taehyung လဲ ရှာတယ် Hoseok Hyung လဲရှာတယ်....ကျွန်တော်လဲရှာတယ်.......Choi Sungwoo ကတော့ မပါမဖြစ်ပေါ့.....။ Choi Sungwoo ပြောပြတာတွေနားထောင်ပီးထဲက အမုန်းတွေကို သင်ပုန်းချေခဲ့သည်.....။ တကယ်ဆို ကိုယ်ကသာ အမှားတွေများခဲ့တာမဟုတ်လား.....။
Hyung နှုတ်ခမ်းလေးတွေပြုံးနေသည်.....။ အိမ်မက်ကောင်းတွေ မက်နေတယ်ထင်ပါရဲ့......။Hyung အိမ်မက်ထဲ သူရော ပါနေလားလို့ တွေးမိတော့ ကြည့်နူးသလိုလို ဝမ်းနည်းသလိုလို......။

"Hyung......မြန်မြန်နိုးခဲ့တော့နော်.....ဒီလောက်အိပ်နေတာ ဝ လာရင် ဘယ်လိုလုပ်မလဲ...."

"ကျွန်တော် လက်သည်းညှပ်ပေးမယ်နော်.....ကြည့်ပါဦး....အမာရွတ်တွေမကျန်တော့ဘူး....."

"အိပ်ရေးမဝသေးဘူးလား.....ဒီမှာ မျက်လုံးလေးတွေတောင် ဖောင်းနေပီ....."

အရူးတစ်ယောက်လို...တစ်ယောက်ထဲ စကားတွေပြောနေမိတဲ့ Jeon Jungkook ရယ်ပါ....။

"Jungkook ah....."

"Nae... Joon Hyung...."

NamJoon Hyung သည် လဲလျောင်းနေတဲ့ Jimin Hyung ကိုကြည့်ကာ သက်ပြင်းချသည်.....။ တခုခုပြောချင်တာကို ပြောမထွက်တဲ့ပုံပင်....။

"Hyung ပြောစရာရှိလို့လား.....Jiminshi နဲ့ ပက်သက်လို့လား....."

"အင်း.....ဆိုပါတော့ကွာ....."

"ပြောပါ.....ခံနိုင်ရည်ရှိအောင် ကျွန်တော်ကြိုးစားမှာပါ Hyung......"

NamJoon Hyung သည် သက်ပြင်းထပ်ချသည်.....။ သူသည်လဲ ရင်တွေပူလောင်နေသည်....။

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Donde viven las historias. Descúbrelo ahora